Connect with us

Europe

ဖင်လန်နှင့် ဆွီဒင် NATO အဖွဲ့ဝင်ဖြစ်ရေးကို သဘောတူမည်မဟုတ်ကြောင်း တူရကီသမ္မတ ထပ်လောင်းပြောကြား

တူရကီနိုင်ငံ အန်ကာရာ၌ တူရကီသမ္မတ အာဒိုဂန် မိန့်ခွန်းပြောကြားနေသည်ကို မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ မေ ၂၀ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့ NATO အဖွဲ့ဝင်ဖြစ်ရေးကို သဘောတူမည်မဟုတ်ကြောင်း တူရကီနိုင်ငံ သမ္မတ အာဒိုဂန်က မေ ၁၉ ရက် တွင် ထပ်လောင်းပြောကြားခဲ့သည်။

တူရကီနိုင်ငံက ဖင်လန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်ရန် လျှောက်ထားခြင်းအပေါ် ဆန့်ကျင်ကြောင်း အာဒိုဂန်က ထိုနေ့တွင် အန်ကာရာ၌ ကျင်းပသော အစည်းအဝေးတစ်ရပ်၌ ပြောကြားခဲ့သည်။ ၎င်းက ဖင်လန်နှင့် ဆွီဒင်တို့မှ တူရကီ ကာဒစ်ရှန် အလုပ်သမားပါတီ PKK လက်နက်ကိုင် တပ်၊ ဆီးရီးယားကာ့ဒ်ပြည်သူ့စစ် ကာဒ့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPG)နှင့် “ဂူလန်လှုပ်ရှားမှု” ကို ထောက်ခံကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။

ဖင်လန်နှင့် ဆွီဒင်တို့က လာမည့်ရက်အနည်းငယ်အတွင်း တူရကီသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ပြီး သက်ဆိုင်ရာနိုင်ငံများ NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်း ကိစ္စရပ်နှင့် ပတ်သက်ပြီး တူရကီနှင့် ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ လုပ်ထုံးလုပ်နည်းများအရ နေတိုး (NATO) သည် အဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ တစ်ပြေးညီ သဘောတူညီမှသာ အဖွဲ့ဝင်သစ်လက်ခံနိုင်မည် ဖြစ်သည်။ မကြာသေးမီကာလအတွင်း တူရကီက ဖင်လန်နှင့် ဆွီဒင်အနေဖြင့် NATO အဖွဲ့သို့ ပါဝင်လိုပါက PKK နှင့် “ဂူလန်လှုပ်ရှားမှု” အပေါ် ထောက်ခံမှုကို ရပ်တန့်ရမည်ဖြစ်ကြောင်းနှင့် တူရကီ၏ ကာကွယ်ရေးပစ္စည်းတင်ပို့မှု ကန့်သတ်ချက်များကို ရုပ်သိမ်းရမည်ဖြစ်ကြောင်း တူရကီက အကြိမ်ကြိမ် အလေးထားပြောကြားခဲ့သည်။

PKK သည် ၁၉၇၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ပါတီဖြစ်ပြီး တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ၎င်းကို အကြမ်းဖက်အဖွဲ့အဖြစ် စားရင်းသွင်းထားကြောင်း သိရသည်။ PKK က စစ်အင်အားဖြင့် တူရကီနှင့် အီရတ်၊ အီရန်၊ ဆီးရီးယားတို့ နယ်စပ်ရှိ ကာဒ့်နယ်မြေတွင် လွတ်လပ်သောနိုင်ငံတည်ထောင်ရန် အခွင့်အရေး ရှာဖွေနေကြောင်း၊ တူရကီက အီရတ်နှင့် ဆီးရီးယားရှိ PKK ပစ်မှတ်များကို ကြိမ်ဖန်များစွာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့သည်။ YPG သည် ဆီးရီးယားပြည်တွင်းစစ်စတင်ဖြစ်ပွားကတည်းက ကာ့ဒ်လူမျိုးများနေထိုင်ရာ ဆီးရီးယားမြောက်ပိုင်းတွင် လှုပ်ရှားခဲ့ပြီး လက်ရှိတွင် ဆီးရီးယားမြောက်ပိုင်းရှိ ဧရိယာအများအပြားကို ထိန်းချုပ်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင်တွင် တူရကီ၌ အာဏာသိမ်းရန် ကြံစည်ကြိုးပမ်းမှုဖြစ်ပွားခဲ့သည်။ တူရကီအစိုးရသည် ဘာသာရေး ခေါင်း ဆောင် ဖာသူလာ ဂူလန်နှင့် ၎င်း၏‌ထောက်ခံသူများက “ဂူလန်လှုပ်ရှားမှု”ကို စီစဉ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ဂူလန်ကမူ ၁၉၉၉ ခုနှစ်မှ လက်ရှိအချိန်အထိ အမေရိကန်တွင် နေထိုင်ခဲ့ကြောင်းနှင့် အာဏာသိမ်းမှု စီစဉ်ခြင်းစွပ်စွဲမှုကို ငြင်းဆိုထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
土耳其总统重申不会同意芬兰和瑞典加入北约
新华社安卡拉5月19日电(记者熊思浩)土耳其总统埃尔多安19日重申,土耳其不会同意芬兰和瑞典加入北约。
埃尔多安当天在安卡拉出席一场活动时表示,土耳其将对芬兰和瑞典申请加入北约说“不”。他指责芬兰和瑞典支持库尔德工人党、叙利亚库尔德武装“人民保护部队”以及“居伦运动”等组织成员。
据报道,芬兰和瑞典未来几天将派代表团前往土耳其,与土方讨论各自国家申请加入北约的问题。依据规程,北约必须在30个成员国“一致同意”前提下才能吸纳新成员。近来土方多次强调,芬兰和瑞典在寻求加入北约时必须停止对库尔德工人党和“居伦运动”的支持,并解除对土耳其出口国防设备的限制。
库尔德工人党成立于1979年,被土耳其、美国和欧盟列为恐怖组织。库尔德工人党寻求通过武力在土耳其与伊拉克、伊朗和叙利亚交界处的库尔德人聚居区建立独立国家。土耳其多次越境打击伊拉克和叙利亚境内的库尔德工人党目标。“人民保护部队”自叙利亚内战爆发后活跃在库尔德人聚居的叙北部地区,目前控制着叙北部大片土地。
2016年7月,土耳其发生未遂政变。土耳其政府指认政变由宗教人士费特胡拉•居伦及其支持者组成的“居伦运动”发起。居伦自1999年至今旅居美国,否认策划政变。(完)
图说- 5月18日,土耳其总统埃尔多安在安卡拉发表讲话。 新华社发(穆斯塔法•卡亚摄)