Connect with us

Europe

ပြင်သစ် လွှတ်တော်ရွေးကောက်ပွဲတွင် မက်ခရွန်အတွက် အပြည့်အဝ ထောက်ခံမှုအများစု မရရှိကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

ပြင်သစ်နိုင်ငံလွှတ်တော်ရွေးကောက်ပွဲ၏ ဒုတိယအကျော့ ကနဦး မဲရလဒ်ပြ ဇယားကွက်အားဇွန် ၂၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

ဇွန် ၁၉ ရက်တွင် ကျင်းပပြုလုပ်သော လွှတ်တော်ရွေးကောက်ပွဲ၏ ဒုတိယအကျော့မဲရလဒ်များအရ လာမည့် ပြင်သစ်လွှတ်တော်အစည်းအဝေးတွင် လက်ရှိသမ္မတမက်ခရွန်အနေဖြင့် အပြည့်အဝ ထောက်ခံမှုအများစုနေရာအတွက် ရရှိတော့မည်မဟုတ်ကြောင်း ယနေ့ ဇွန် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အပြီးသတ်မဲစားရင်းရလဒ်များ အရ သိရသည်။မက်ခရွန်၏ မဟာမိတ်ဖြစ်သည့် Ensemble ပါတီသည် လွှတ်တော်အမတ်နေရာ ၂၄၅ နေရာ အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်အားအပြည့်အဝထိန်းချုပ်ရန်လုံလောက်သောအမတ်နေရာဖြစ်သည့် အမတ်နေရာ၂၈၉ နေရာ ရရှိရန် ထောက်ခံမဲအရေအတွက် မရရှိခဲ့ကြောင်း သိရသည်။

Jean-Luc Melenchon ဦးဆောင်သော လက်ဝဲယိမ်း-မဟာမိတ် NUPES သည် အမတ်နေရာ ၁၃၁ နေရာ နှင့် Marine Le Pen ဦးဆောင်သော လက်ယာစွန်း – အမျိုးသားရေးအင်အားစုပါတီက သမိုင်းဝင်အောင်မြင်မှုအဖြစ် အမတ်နေရာ ၈၉ နေရာအထိ အနိုင်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ တရားဝင်ရလဒ်များအရ သိရသည်။
၂၀၁၇ ခုနှစ်က မဲမထည့်သူအရေအတွက်ဖြစ်သော ၅၇ ဒသမ ၃၆ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ယခုနှစ် ပြင်သစ်လွှတ်တော်ဒုတိယအကျော့ရွေးကောက်ပွဲတွင် မဲမထည့်သူဦးရေမှာ ၅၃ ဒသမ ၇၇ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်သစ်ရုပ်သံချန်နယ်တစ်ခုဖြစ်သည့် BFMTV ၏ ဖော်ပြချက်အရ လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်းတို့၏ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ရွေးချယ်ခြင်းမခံရသော မက်ခရွန်၏ ဝန်ကြီးအချို့အနေဖြင့် အစိုးရအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ဧပြီလတွင်ကျင်းပခဲ့သည့် သမ္မတ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲတွင် မက်ခရွန်သည် ပြိုင်ဖက် Le Pen အပေါ် အနိုင်ရရှိခဲ့ကြောင်း နှင့် ၎င်း၏ သမ္မတ ပထမသက်တမ်းတွင် လွှတ်တော်၌ အပြည့်အဝ ထောက်ခံမှုအများစု ရရှိထားသူဖြစ်ကြောင်း သိရသည်။(Xinhua)

—————————-
(English Version)
No absolute majority for Macron following legislative elections: Interior Ministry
PARIS, June 20 (Xinhua) — French President Emmanuel Macron will not have an absolute majority in the upcoming National Assembly following the second round of legislative elections held on Sunday, according to the final results published early Monday morning by the Interior Ministry.
Macron’s alliance Ensemble won 245 seats, falling short of the 289 seats required for an absolute majority.
Left-wing alliance NUPES led by Jean-Luc Melenchon won 131 seats and the far-right National Rally led by Marine Le Pen made history with 89 seats, according to the official results of the Interior Ministry.
The abstention rate of the second-round vote stood at 53.77 percent, compared to 57.36 percent in 2017, the ministry added.
According to French news channel BFMTV, the ministers of Macron’s cabinet who are not elected as deputies in their constituency will have to leave the government.
Macron, who defeated Le Pen to secure his second presidential term in April, had an absolute majority in the National Assembly during his first term.

Photo – A screen displaying the preliminary results of the second round of the French legislatives elections is pictured in Paris , France, June 20, 2022. (Xinhua/Gao Jing)