Connect with us

Social, Education & Health

ပေကျင်းမြို့ရှိ ရထားဘူတာရုံများအားလုံး ပုံမှန်အတိုင်းပြန်လည် လည်ပတ်နေပြီဖြစ်

တရုတ်နိုင်ငံပေကျင်းမြို့ရှိ Guomao ရထားဘူတာရုံတွင် စောင့်ဆိုင်းနေကြသည့် ခရီးသွားများအား ၂၀၂၂ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

ကပ်ရောဂါကြိုတင်ကာကွယ်ရန် နှင့် ထိန်းချုပ်ရန် ရည်ရွယ်၍ ပိတ်ထားခဲ့ရသော ပေကျင်းမြို့ရှိ ရထားဘူတာရုံအားလုံးသည် ဇွန် ၁၉ ရက်မှ စတင်ကာ လုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း မြို့တော် မြူနီစီပယ်ပို့ဆောင်ရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။ပေကျင်းမြို့တော် Fengtai ခရိုင်တွင် အစောပိုင်းက ရပ်နားထားရသည့် ဘတ်စ်ကားဝန်ဆောင်မှုများကိုလည်း ပြန်လည် လုပ်ဆောင်နေပြီးဖြစ်ကြောင်း ပေကျင်းအများပြည်သူသယ်ယူပို့ဆောင်ရေးအုပ်စု ၏ ပြောကြားချက် အရ သိရသည်။ ကပ်ရောဂါကူးစက်မှု လျော့ပါးလာသည်နှင့်အမျှ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပေကျင်းမြို့သည် စားသောက်ဆိုင်(ဘား)တစ်ခုနှင့်ဆက်စပ်၍ အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်ပွားခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း နှင့် မြို့တော်တွင် ကပ်ရောဂါအခြေအနေမှာ တိုးတက်ကောင်းမွန်လာနေပြီဖြစ်ကြောင်း ပေကျင်းမြူနီစီပယ်အုပ်ချုပ်ရေးမှ ပြောရေးဆိုခွင့်ရှိသူ Xu Hejian က ဇွန် ၁၈ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ပေကျင်းမြို့တော်တွင် ဇွန် ၁၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအသစ် လုံးဝမရှိကြောင်း မြူနီစီပယ်ကျန်းမာရေးကော်မရှင်က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)

#Beijing, #subway, #normals, #xinhua, #xinhuamyanmar, #
#ပေကျင်း,#ရထား,#ပုံမှန်,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ
—————————-
(English Version)
Beijing resumes normal operation of all subway stations
BEIJING, June 19 (Xinhua) — All metro stations in Beijing that were closed due to epidemic prevention and control resumed operation on Sunday, according to the municipal transport commission.
The bus services that were earlier halted in Fengtai District have also resumed operation, according to Beijing Public Transport Group. More bus services will resume operation as the epidemic wanes.
Beijing has virtually cut off the transmission chain of a COVID-19 cluster related to a bar, and the epidemic situation in the city is improving, said Xu Hejian, a spokesperson for the Beijing Municipal Government, in a press release on Saturday.
The capital city reported no new locally transmitted COVID-19 cases on Saturday, the municipal health commission said Sunday.

Photo – People wait for a subway train at the Guomao Station in Beijing, capital of China, May 29, 2022. (Xinhua/Chen Zhonghao)