Connect with us

Africa & Middle East

ရဝမ်ဒါနိုင်ငံတွင် တရုတ်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှုဖြင့်တည်ဆောက်ထားသော လမ်းက ယာဉ်သွားလာမှုကို အဆင်ပြေစေသလို ကုန်စည်စီးဆင်းမှုကိုလည်း ကောင်းမွန်စေ

ရဝမ်ဒါနိုင်ငံတွင် တရုတ်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှုဖြင့်တည်ဆောက်ထားသော လမ်းက ယာဉ်သွားလာမှုကို အဆင်ပြေစေသလို ကုန်စည်စီးဆင်းမှုကိုလည်း ကောင်းမွန်စေ

KIGALI ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရဝမ်ဒါနိုင်ငံတွင် တရုတ်နိုင်ငံ လမ်းနှင့် တံတား ကော်ပိုရေးရှင်း (CRBC) မှ တာဝန်ယူ၍ အဆင့်မြှင့်တင်ထားသော လမ်းမသည် ယာဉ်သွားလာမှုကို အဆင်ပြေစေသလို ရဝမ်ဒါ အရှေ့ပိုင်းရှိ Kigali-Bugesera ခရိုင်တစ်လျှောက် ကုန်သွယ်ရေးကိုလည်း မြှင့်တင်ပေးခဲ့သည်။

CRBC သည် အဆိုပါလမ်းမ အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး COVID-19 ရောဂါ အပါအဝင် အကြောင်းရင်းများကြောင့် စီမံကိန်းပြီးစီးရန် အချိန် ၃ နှစ်ကျော်ကြာမြင့်ခဲ့ကြောင်း၊ ယာဉ်သွားလာမှုကို အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများ သွားလာမှု အဆင်ပြေစေရန် CRBC က လမ်းမအား အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် ပြည်သူများက ချီးကျူးဂုဏ်ပြုလျက်ရှိသလို Kigali-Bugesera အဝေးပြေးလမ်းတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးမှုမှာလည်း တိုးတက်လာခဲ့သည်။ (Xinhua)

………………………………………………

Chinese-financed road helps ease traffic flow, movement of goods in Rwanda
KIGALI, Sept. 19 (Xinhua) — A road upgrading project in Rwanda contracted to China Road and Bridge Corporation (CRBC) has helped ease traffic flow and advance seamless trade along the Kigali-Bugesera district, eastern Rwanda.
The CRBC, which started the upgraded project in 2019 and took more than three years to finish it due to factors including COVID-19, has won accolades from locals for upgrading the road to ease traffic flow and movement of goods and people as well as stimulate economic growth along the Kigali-Bugesera highway.
Photo : Traffics are seen on a road upgraded by a Chinese company in Kigali, Rwanda, Sept. 16, 2022. (Photo by Huang Wanqing/Xinhua)