Connect with us

Videos

ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အကောင်အထည်ဖော်ရန် ကမ္ဘာကြီးကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး အားထုတ်ကြိုးပမ်းရန် ကုလသမဂ္ဂအကြီးအကဲ တိုက်တွန်း

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တစ်ချိန်တည်း ဖြစ်ပေါ်နေသည့် အကျပ်အတည်းမျိုးစုံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDGs) ကို အချိန်မီ အကောင်အထည်ဖော်ဆောင်ရွက်ရေးအပေါ် ခြိမ်းခြောက်လျက်ရှိသောကြောင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှာ အဆုံးအဖြတ်ပေးသောကာလတစ်ခုသို့ ရောက်ရှိလာခဲ့ကြောင်း သတိပေးလျက် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ကမ္ဘာကြီးအား လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ဆတက်ထမ်းပိုး ကြိုးပမ်းအားထုတ်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၁၉ ရက်တွင် တိုက်တွန်းခဲ့သည်။

အန်တိုနီယိုဂူတာရက်စ်က “ဖွံ့ဖြိုးတိုးတက်မှုက မစောင့်နိုင်ပါဘူး။ ကျွန်တော်တို့ကလေးတွေရဲ့ပညာရေးကလည်း မစောင့်နိုင်ပါဘူး။ ဂုဏ်သိက္ခာရှိတဲ့အလုပ်အကိုင်တွေက မစောင့်နိုင်ဘူး ။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အပြည့်အဝတန်းတူညီမျှမှုကလည်း မစောင့်နိုင်ပါဘူး ။ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အဓိပ္ပာယ်ပြည့်ဝတဲ့ ရာသီဥတုလုပ်ဆောင်ချက် နဲ့ ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ပေးမှု အဲဒါတွေက မနက်ဖြန်အတွက် ချန်ထားလို့ မရနိုင်ဘူး ။ အဲဒီနယ်ပယ်တွေအားလုံးမှာ လူငယ်တွေနဲ့ အနာဂတ်မျိုးဆက်သစ်တွေက အရေးယူဆောင်ရွက်ဖို့တောင်းဆိုနေကြတယ်။ ကျွန်တော်တို့တွေအနေနဲ့ သူတို့ကို စိတ်ဓါတ်ကျသွားအောင် လုပ်လို့မရပါဘူး။ ဒါက အဆုံးအဖြတ်ပေးတဲ့ကာလတစ်ခုပါပဲ” ဟု ပြောကြားခဲ့သည်။ (Xinhua)
——————————–
UN chief urges efforts to bring world “back on track” to realize development goals
UN Secretary-General Antonio Guterres on Monday urged the international community to redouble efforts to put the world “back on track,” warning that global development has reached a “decisive moment” as multiple overlapping crises are threatening the timely realization of the Sustainable Development Goals (SDGs).
UN Secretary-General “Development cannot wait. The education of our children cannot wait. Dignified jobs cannot wait. Full equality for women and girls cannot wait. Comprehensive health care, meaningful climate action, and biodiversity protection, these cannot be left for tomorrow. Across all of these areas, young people and future generations are demanding action. We cannot let them down. This is a definitive moment.”

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.