Connect with us

Australia / Oceania

ဘရာဇီးနိုင်ငံ Pernambuco ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၇ ဦးအထိ မြင့်တက်

ဘရာဇီးနိုင်ငံ Bahia ပြည်နယ် Dario Meira မြို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး ၊ ဇွန် ၂ ရက်(ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Pernambuco ပြည်နယ်၌ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူအရေအတွက်သည် ဇွန် ၁ ရက်တွင် ၁၀၇ ဦးအထိ မြင့်တက်ခဲ့ပြီး ၁၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မိုးရွာသွန်းမှုများကြောင့် အနည်းဆုံး လူ ၆,၆၅၀ ဦးမှာ အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ခဲ့ရကြောင်း ၊ ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများကြောင့် လူနေအိမ်များစွာ နစ်မြှုပ်ခဲ့ပြီး ပြည်နယ်၏ မြို့တော် Recife မြို့ နှင့် မြို့တော်ဧရိယာအတွင်း သေဆုံးမှုအများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းသေဆုံးသူအရေအတွက်သည် Pernambuco ပြည်နယ်၏ သမိုင်းတွင် ၁၉၆၆ ခုနှစ် မေလတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၇၅ ဦး သေဆုံးခဲ့ပြီးနောက် ဒုတိယ အဆိုးရွားဆုံး ဖြစ်ရပ်ဆိုးကြီး ဖြစ်ကြောင်း သိရသည်။

မီးသတ်သမားများ နှင့် ဘရာဇီးစစ်တပ်တို့သည် လေ့ကျင့်ပေးထားသည့် ကယ်ဆယ်ရေးခွေးများဖြင့် ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများအား ရှာဖွေရေးကို အာရုံစိုက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Pernambuco ပြည်နယ် မြူနီစပယ် ၂၄ ခုအထိ ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာထားပြီး ဘရာဇီးအစိုးရက ဘေးဒဏ်သင့်ဧရိယာများ ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့် ကြိုတင်လျာထားကြောင်း ကြေညာခဲ့သည်။
မိုးရွာသွန်းမှုကြောင့် Sergipe ပြည်နယ် ၊ Paraiba ပြည်နယ် ၊ Rio Grande do Norte ပြည်နယ် နှင့် Alagoas ပြည်နယ်တို့တွင် လူ ၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၈,၀၀၀ ကျော် ဘေးကင်းရာသို့ စွန့်ခွာပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

Death toll from heavy rains in Brazil’s Pernambuco state rises to 107

At least 6,650 people have been displaced by the rains, which caused major flooding and landslides that buried dozens of houses, causing most of the deaths in the state capital Recife and its metropolitan area.
RIO DE JANEIRO, June 1 (Xinhua) — The death toll from heavy rains in Brazil’s northeast Pernambuco state over the past week rose to 107 on Wednesday, with 11 people still missing, according to the state government.
At least 6,650 people have been displaced by the rains, which caused major flooding and landslides that buried dozens of houses, causing most of the deaths in the state capital Recife and its metropolitan area.
The death toll makes this the second-worst tragedy in Pernambuco’s history, after floods in May 1966 left 175 people dead.
Firefighters and the Brazilian Army were focusing on finding the bodies of those still missing with the help of trained rescue dogs.
As many as 24 Pernambuco municipalities have declared a state of emergency, and the federal government has announced it will earmark about 200 million U.S. dollars to rebuild affected areas.
The rains also took a toll on the states of Sergipe, Paraiba, Rio Grande do Norte and Alagoas, where three people were killed and more than 18,000 were evacuated. ■
Photo – Photo taken on Dec. 28, 2021 shows a flooded area in the city of Dario Meira, Bahia State, Brazil. (Photo by Lucio Tavora/Xinhua)