Connect with us

Europe

အမေရိကန်က ယူကရိန်အား လုံခြုံရေးအကူအညီ ထပ်တိုးပေးအပ်ရန် ကြေညာ

ဒွန်ဘတ်စ်ဒေသတွင် သံချပ်ကာယာဉ်တစ်စီးကို ဖုံးအုပ်နေသော ယူကရိန်းစစ်သားတစ်ဦးအား ၂၀၂၂ ခုနှစ် ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား လေယာဉ်ဖျက်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပြင် ဒုံးကျည်စနစ်များ အဆင့်မြှင့်တင်ရန် ထပ်တိုးခဲယမ်းမီးကျောက်များ ပါဝင်သည့် လုံခြုံရေးအကူအညီအသစ်များ ပေးအပ်မည်ဟု ဇူလိုင် ၁ ရက်က ကြေညာခဲ့သည်။

စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၂၀ ရှိသော လက်နက်အသစ်များသည် အပိုင်းနှစ်ပိုင်းဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်အရ သိရသည်။ စွမ်းရည်မြင့်ရွေ့လျားဒုံးကျည်စနစ်အတွက် ထပ်တိုးလက်နက်ခဲယမ်းမီးကျောက်များ တစ်စိတ်တစ်ပိုင်းပါဝင်သော ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိသော အကူအညီအား အမေရိကန်လက်နက်တီထွင်ထုတ်လုပ်သူများထံ သမ္မတ ဂျိုးဘိုင်ဒန်က တိုက်ရိုက်ထုတ်ယူခွင့်ရှိသော သမ္မတလုပ်ပိုင်ခွင့်မှ ထုတ်ယူပေးအပ်မည်ဖြစ်သည်။

ကျန်ရှိသော ဒေါ်လာ သန်း ၇၇၀ ကိုမူ ယူကရိန်းနိုင်ငံအတွက် လက်နက်များထုတ်လုပ်ရန် လက်နက်ထုတ်လုပ်သူများဖြင့် အမေရိကန်အစိုးရက ချုပ်ဆိုထားသောစာချုပ်များတစ်ဆင့် ယူကရိန်းလုံခြုံရေးအကူအညီ အဆိုပြုချက်အရ ပေးအပ်ခြင်းဖြစ်သည်။ ဤကဏ္ဍတွင် အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား မြေပြင်မှဝေဟင်ပစ် အဆင့်မြင့်ဒုံးကျည်စနစ် ၂ ခု၊ ပြောင်းတိုအမြောက်များအတွက် ၁၅၅မမ အမြောက်ကျည်ဆန် ၁၅၀,၀၀၀ နှင့် အမြောက်တန်ပြန်ထောက်လှမ်းရေး ရေဒါ ၄ ခုတို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသည် ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားမှအထူးစစ်ဆင်ရေးဆင်နွှဲချိန်မှစ၍ ယူကရိန်းနိုင်ငံအား လုံခြုံရေးအကူအညီ ဒေါ်လာ ၆.၉ ဘီလီယံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘိုင်ဒန်အစိုးရစတင်ချိန်မှစပြီး စုစုပေါင်း ဒေါ်လာ ၇.၆ ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
U.S. announces additional security assistance to Ukraine

Source: Xinhua

Editor: huaxia

2022-07-02 03:58:15
WASHINGTON, July 1 (Xinhua) — The United States on Friday announced a new round of security assistance to Ukraine that included advanced anti-aircraft and aerial defense systems as well as additional ammunition for advanced rocket systems.

Totaling 820 million U.S. dollars, the new weapons came in two parts, according to an announcement from the Department of Defense. Fifty million dollars’ worth of aid, of which additional ammunition for the High Mobility Artillery Rocket Systems is a part, will be drawn from the presidential drawdown authority that authorizes President Joe Biden to directly tap into existing U.S. weapons inventories.

The remaining 770 million dollars falls under the Ukraine Security Assistance Initiative, through which the U.S. government contracts with arms manufacturers to make weapons for Ukraine. In this part, the United States will provide Ukraine with two National Advanced Surface-to-Air Missile Systems, 150,000 rounds of 155mm artillery ammunition for the howitzers and four counter-artillery radars, the Pentagon said.

The United States has now committed 6.9 billion dollars of security assistance to Ukraine since Russia launched the special military operation on Feb. 24 and a total of 7.6 billion dollars since the start of the Biden administration. ■
Photo : A Ukrainian soldier covers an armored vehicle with branches in Donbass on April 12, 2022. (Photo by Diego Herrera/Xinhua)