Connect with us

Africa & Middle East

တရုတ်နိုင်ငံအဆင့်မြင်သံတမန် ယန်ကျဲ့ချီနှင့် အာရပ်စော်ဘွားများပြည်ထောင်စု သမ္မတ Sheikh Mohamed တို့ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ Sheikh Mohamed တို့ ဇူလိုင် ၁ ရက် အဘူဒါဘီတွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

အဘူဒါဘီ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ Sheikh Mohamed သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အဘူဒါဘီတွင် ဇူလိုင် ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယန်ကျဲ့ချီက သမ္မတ Sheikh Mohamed အား သမ္မတရှီကျင့်ဖိန်၏ ရင်းနှီးစွာနှုတ်ခွန်းဆက်သကြောင်းကို တစ်ဆင့်ပြောကြားခဲ့သည်။

ယန်ကျဲ့ချီက တရုတ်-ယူအေအီး နှစ်နိုင်ငံတို့သည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်များဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ယူအေအီးကို အရှေ့အလယ်ပိုင်း သံတမန်ရေးဦးစားပေးနေရာ၌ထားရှိပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ နှစ်ဖက်ဆက်ဆံရေးအပေါ် အထူးအလေးထားမှုနှင့် မဟာဗျူဟာမြောက် ဦးဆောင်မှုသည် နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၊ ယခုနှစ်တွင် နှစ်နိုင်ငံခေါင်းဆောင်များ အောင်မြင်စွာ တွေ့ဆုံ ဆက်သွယ်ဆွေးနွေးမှုများရှိခဲ့ရာ ခေတ်ကာလသစ် တရုတ်-ယူအေအီး ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုမောင်းနှင်ရာ၏ လမ်းညွှန်ရာဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယူအေအီးနိုင်ငံ၏ အချုပ်အချာအာဏာနှင့်လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှုကို ခိုင်မာစွာထောက်ခံအားပေးသလို ပြည်တွင်းရေးကို စွက်ဖက်သော မည်သည့်နည်းလမ်းမျိုးကိုမဆို ခိုင်မာစွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့် ကမ္ဘာ့လုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်ကို ယူအေအီးမှထောက်ခံအားပေးသည့်အတွက် တရုတ်နိုင်ငံက အထူးဝမ်းမြောက်နှစ်သိမ့်မိပါကြောင်း၊ ယင်းအရေးကြီးအဆိုပြုချက်နှစ်ရပ်တွင် ယူအေအီးနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ကာ ကမ္ဘာ့ရေရှည်ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွမြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံအကြား “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် “အနာဂတ်ကို မျက်နှာမူသော နှစ်ပေါင်း ၅၀ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ” ချိတ်ဆက်မှုကို အားဖြည့်ပြီး ကပ်ရောဂါကို အတူလက်တွဲကာတိုက်ဖျက်၍ လေကြောင်း၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံစသည့် သမာရိုးကျကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုသလို ကဏ္ဍသစ်တွင်လည်း ပူးပေါင်းဆောင်ရွက်အသစ်များကို ပိုမို တည်ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယူအေအီးနှင့်အတူ နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားလိုရာ ကမ္ဘာ့တောင်ခြမ်းဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South–South cooperation) ကို ထဲထဲဝင်ဝင်ဆောင်ရွက်သွား၍ တရုတ်နှင့် အာရပ်နိုင်ငံများ၏ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို အဆက်မပြတ်မြှင်တင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို အတူတကွအကောင်အထည်ဖော်သွားမည်ဖြစ်သလို နိုင်ငံတကာတရားမျှတမှုကို အတူကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ Sheikh Mohamed ကလည်း သမ္မတရှီကျင့်ဖိန်ထံ ရင်းနှီးစွာ နှုတ်ခွန်းဆက်သစကားပါးလိုက်ပါကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၁ နှစ်မြောက် နှစ်ပတ်လည်အား လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါကြောင်း ယန်ကျဲ့ချီအား ပြောကြားခဲ့သည်။
ယူအေအီး-တရုတ် နိုင်ငံတို့သည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုနှင့် ညီရင်းအစ်ကိုပမာ ချစ်ကြည်ရင်းနှီးမှု ခိုင်မာခြင်းသည် နိုင်ငံများအကြား အပြန်အလှန်လေးစားယုံကြည်ကြသည့် စံနမူနာ ဖြစ်ကြောင်း သမ္မတ Sheikh Mohamed က ပြောကြားခဲ့သည်။

ယူအေအီး-တရုတ် ထူးခြားသည့် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးသည် သာလွန်သောအနက်အဓိပ္ပါယ်ရှိရာ နှစ် ၁၀၀ ရေရှည်စီမံကိန်းဖြစ်ကြောင်း၊ ယူအေအီးနိုင်ငံအနေဖြင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုနှင့် ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေးတွင် တက်ကြွစွာပါဝင်ပြီး ရေရှည်အမြော်အမြင်ထားကာ ဒေသနှင့်နိုင်ငံတကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
(国际)阿联酋总统穆罕默德会见杨洁篪
2022-07-01 20:15:20 分类: 政治法律
新华社阿布扎比7月1日电7月1日,阿联酋总统穆罕默德在阿布扎比会见中共中央政治局委员、中央外事工作委员会办公室主任杨洁篪。
杨洁篪向穆罕默德总统转达习近平主席的亲切问候。杨洁篪表示,中阿是全面战略伙伴,中方将阿联酋作为中东外交的优先方向。两国元首对双边关系的高度重视和战略引领为中阿关系发展发挥关键作用。今年以来,两国元首先后成功会晤、通话,为新时期中阿关系发展把舵领航。中方坚定支持阿方维护国家主权和安全,坚决反对任何干涉阿内政行径。中方高度赞赏阿方支持全球发展倡议和全球安全倡议,愿同阿方在这两项重大倡议下加强合作,共同为促进世界持久和平和长远发展作出积极贡献。期待双方加强“一带一路”倡议同“面向未来50年发展战略”对接,携手战胜疫情挑战,不断拓展民航、能源、金融、投资、基建等传统领域合作,并在一系列新领域打造更多合作亮点。
杨洁篪表示,中方愿同阿方加强在国际和地区事务中的沟通协调,深入开展南南合作,不断提升中国与阿拉伯国家集体合作水平,共同践行真正的多边主义,共同维护国际公平正义。
穆罕默德请杨洁篪转达对习近平主席的诚挚问候,热烈祝贺中国共产党成立101周年。穆罕默德表示,阿中两国拥有牢固政治互信和兄弟般的友谊,是国家间相互尊重和信任的典范。阿中特殊的全面战略伙伴关系具有非凡重要意义,是百年大计。阿方愿进一步深化双方发展战略对接和各领域合作,积极参与共建“一带一路”,着眼长远,为地区与国际和平发展贡献力量。(完)
1. 7月1日,阿联酋总统穆罕默德(右)在阿布扎比会见中共中央政治局委员、中央外事工作委员会办公室主任杨洁篪。 新华社发