Connect with us

China

အာရှဒေသ၏ အနာဂတ်ကို ဒေသတွင်း၏ လက်ထဲ၌သာ ထိန်းသိမ်းသွားရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၂ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုမိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အာရှဒေသအနေဖြင့် ဒေသ၏အနာဂတ်ကို ၎င်းတို့၏ကိုယ်ပိုင်လက်ထဲ၌သာ အမြဲတစေထိန်းသိမ်းသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၂ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနား၌ ရုပ်သံမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဒေသတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက ကျွန်တော်တို့ဆီကို အလိုအလျောက် ရောက်လာတာ ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုက ပေးလှူမှုကြောင့် ရရှိလာတာမျိုးမဟုတ်ပါဘူး။ ဒါဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းကြိုးပမ်းအားထုတ်ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်” ဟု ရှီက အလေးထားပြောခဲ့သည်။

အာရှဒေသက ပထမဆုံး ထောက်ခံခဲ့သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်နှင့် ဘန်ဒေါင်းစိတ်ဓာတ်တို့သည် ယနေ့ခတ်တွင် အားလုံးနှင့် ပိုမိုဆက်စပ်မှုရှိကြောင်း ရှီက ဆိုသည်။

အပြန်အလှန် လေးစားရေး၊ သာတူညီမျှရှိရေး၊ အပြန်အလှန် အကျိုးကျေးဇူးပြုရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စသည့်မူများကို ဂုဏ်ယူထိန်းသိမ်းပြီး အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်း မူဝါဒအား လိုက်ပါလျှောက်လှမ်းလျက် အာရှဒေသ၏ အနာဂတ်ကို ၎င်းတို့၏ကိုယ်ပိုင်လက်ထဲ၌သာ အစဉ်အမြဲထိန်းသိမ်းထားရေးကို သေချာစွာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ရှီက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(English Version)
Xi calls for keeping Asia’s future in the region’s own hands
Source: XinhuaEditor: huaxia2022-04-21 10:54:16
BEIJING, April 21 (Xinhua) — Asia should always keep the region’s future in its own hands, said Chinese President Xi Jinping on Thursday while delivering a keynote speech via video at the opening ceremony of the Boao Forum for Asia Annual Conference 2022.
“Peace and stability in our region does not fall into our lap automatically or come as charity from any country,” Xi stressed. “Rather, it is the result of the joint efforts of countries in the region.”
Xi said the Five Principles of Peaceful Coexistence and the Bandung Spirit, first advocated by Asia, are all the more relevant today.
He urged honoring the principles of mutual respect, equality, mutual benefit and peaceful coexistence, following a policy of good-neighborliness and friendship, and making sure that Asia always keeps its future in the region’s own hands. ■

Photo : Chinese President Xi Jinping delivers a keynote speech via video at the opening ceremony of the Boao Forum for Asia Annual Conference 2022, on April 21, 2022. (Xinhua/Huang Jingwen)