Connect with us

International Organizations

ပူတင်နှင့် ဇယ်လန်းစကီးအား မော်စကို၊ ကိဗ်တွင် ၎င်းနှင့်‌တွေ့ဆုံရန် ကုလသမဂ္ဂ အကြီးအကဲ ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ဧပြီ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ UN အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက အိမ်နီးချင်း ယူကရိန်းနိုင်ငံအား အထူးစစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး အဆင့်များဆွေးနွေးရေးအတွက် ၎င်းအားလက်ခံတွေ့ဆုံရန် ရုရှားနှင့် ယူကရိန်း ခေါင်းဆောင်နှစ်ဦးလုံးကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်အနေဖြင့် မော်စကို၌ လည်းကောင်း၊ ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးအနေဖြင့် ကိဗ်၌လည်းကောင်း ဂူတာရက်စ်အား လက်ခံတွေ့ဆုံရန် ကုလသမဂ္ဂဆိုင်ရာ ရုရှားနှင့် ယူကရိန်း အမြဲတမ်းမစ်ရှင်များထံ ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းက သီးခြားစာလွှာများပေးပို့ခဲ့ကြောင်း အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ် (Stephane Dujarric) က ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“ကြီးမားတဲ့ အခက်အခဲနဲ့ အကျိုးဆက်တွေဖြစ်ပေါ်တဲ့ ဒီအချိန်မှာ သူ့အနေနဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ဖို့ အရေးကြီးတဲ့အဆင့်တွေနဲ့ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာဥပဒေအပေါ် အခြေခံထားတဲ့ အနာဂတ် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအတွက် အထွေထွေအတွင်းရေးမှူးချုပ်က ဆွေးနွေးလိုကြောင်း ပြောကြားထားတယ်” ဟု ဒူဂျာရစ်က ဆိုသည်။

“ယူကရိန်းနဲ့ ရုရှားတို့ဟာ ကုလသမဂ္ဂ တည်ထောင်သူအဖွဲ့ဝင်တွေဖြစ်သလို ဒီအဖွဲ့အစည်းကို အမြဲတစေ အားကောင်းကောင်းနဲ့ ပံ့ပိုးကူညီသူတွေ ဖြစ်တယ်ဆိုတာကိုလည်း သူက မှတ်ချက်ပြုထားတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

ထို့ပြင် Orthodox Christian သန့်ရှင်းသောရက်သတ္တပတ်အတွင်း လူသားချင်းစာနာထောက်ထားမှုစင်္ကြံများ ဖွင့်လှစ်ရေးအတွက် ယူကရိန်းနိုင်ငံတွင် တိုက်ခိုက်မှုများကို လေးရက်ကြာ လူသားချင်းစာနာထောက်ထားမှုရှိစွာ ရပ်နားထားရန် UN ထိပ်တန်းတာဝန်ရှိသူက ဧပြီ ၁၉ ရက်က တိုက်တွန်းခဲ့သည်။

အဆိုပြုထားသော ရပ်နားချိန်၌ အရပ်သားများအနေဖြင့် လတ်တလော သို့မဟုတ် ထိပ်တိုက်တွေ့ဆုံနိုင်ဖွယ်ရှိသော နေရာများမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြမည်ဖြစ်ကြောင်းနှင့်လူသားချင်းစာနာမှုအကူအညီများကို မာရီယူပိုးလ်း၊ Donetsk, Lugansk နှင့် Kherson စသည့် ဆင်းရဲသောနေရာများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………………

(English Version)
UN chief asks Putin, Zelensky to meet with him in Moscow, Kiev
Source: Xinhua
Editor: huaxia
2022-04-21 03:12:15
UNITED NATIONS, April 20 (Xinhua) — UN Secretary-General Antonio Guterres has asked both the Russian and Ukrainian leaders to receive him to discuss steps to bring about peace following Russia’s special military operation in its neighbor.

Stephane Dujarric, spokesperson for the secretary-general, said on Wednesday in a statement that separate letters were sent Tuesday afternoon to the permanent missions of Russia and Ukraine to the UN, asking Vladimir Putin to receive Guterres in Moscow and Volodymyr Zelensky to receive him in Kiev.

“The secretary-general said, at this time of great peril and consequence, he would like to discuss urgent steps to bring about peace in Ukraine and the future of multilateralism based on the Charter of the United Nations and international law,” Dujarric said.

“He noted that both Ukraine and the Russian Federation are founding members of the United Nations and have always been strong supporters of this organization,” the spokesman added.

The top UN official on Tuesday called for a four-day humanitarian pause in fighting in Ukraine to allow for the opening of humanitarian aid corridors during the Orthodox Christian Holy Week.

During the proposed pause, Guterres stated, civilians would be evacuated from “current or expected areas of confrontation” and humanitarian aid would be delivered to desperately in needy places such as Mariupol, Donetsk, Lugansk and Kherson. ■
Photo : UN Secretary-General Antonio Guterres speaks to the press at the UN headquarters in New York on April 19, 2022.(Xinhua/Xie E)