Connect with us

Europe

ရုရှားက Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အောင်မြင် ၊ “ ခြိမ်းခြောက်ရန် ကြိုးပမ်းသူများ စဉ်းစားတွေဝေစေမယ်”ဟု ပူတင်ပြော

ကရင်မလင်နန်းတော်မှ ထုတ်ပြန်သည့် ဧပြီ ၂၀ ရက်တွင် ရုရှားနိုင်ငံက Sarmat တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေသည့်ရုပ်သံဖိုင်းမှ ဖမ်းယူသော ဓာတ်ပုံ မြင်ကွင်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံ နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုမြင့်တက်နေချိန်အတွင်းမှာပင် ဧပြီ ၂၀ ရက်က ဆာမတ်(Sarmat) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားနိုင်ငံက ထုတ်ဖော်ကြေညာခဲ့သည်။

ယင်းဒုံးကျည်ကို မော်စကိုစံတော်ချိန် ၁၅ နာရီ ၁၂ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၂၁၂ နာရီ)တွင် ရုရှားနိုင်ငံ၏ အနောက်မြောက်ပိုင်း Arkhangelsk ဒေသရှိ Plesetsk ဒုံးပျံလွှတ်တင်ရေးဌာန မြေအောက်ဒုံးပစ်စင်တစ်ခုမှနေ၍ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ဒုံးကျည်ထိပ်ဖူးသည် Kamchatka ရေလက်ကြားပေါ်ရှိ Kura ဒုံးပစ်ကွင်းသတ်မှတ်နေရာသို့ ထိမှန် ကျရောက်ခဲ့ကြောင်း နှင့် စမ်းသပ်မှုမှာ အပြည့်အဝ အောင်မြင်မှုရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဆက်လက် ဖော်ပြထားသည်။

စမ်းသပ်မှုအပြီးတွင် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဒုံးကျည်သစ်နှင့်ပတ်သက်၍ “ အဆင့်မြင့်ဆုံးနည်းဗျူဟာပိုင်း နဲ့ နည်းပညာပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်တွေ ပေါင်းစပ်တီထွင်ထားတဲ့ Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟာ အားလုံးသော နောက်ဆုံးပေါ် ခေတ်မီဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်အားလုံးကို ရှောင်ကွင်းကျော်လွှားသွားနိုင်စွမ်းရှိပါတယ် ” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဆာမတ်ဒုံးကျည်သည် ရုရှားနိုင်ငံစစ်တပ်အတွက် တိုက်ပွဲဝင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သလို ရုရှားနိုင်ငံအား ပြည်ပမှ ခြိမ်းခြောက်မှုများကိုလည်း အကာအကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း နှင့် “ “အမျက်ဒေါသနဲ့ ရန်လိုပြောဆိုတက်သူတွေ ၊ ကျွန်ုပ်တို့နိုင်ငံကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းသူတွေကို စဉ်းစားတွေဝေသွားစေမှာပါ” ဟု ရုရှားနိုင်ငံ၏ ထိပ်တန်းကာကွယ်ရေးအရာရှိကြီးများနှင့်အတူ ပြုလုပ်သော အွန်လိုင်းအစည်းအဝေးတစ်ခုတွင် ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

………………………
(English Version)
Russia successfully test-fires “Sarmat” intercontinental ballistic missile, which will “make those who try to threaten our country think,” Putin says

MOSCOW, April 20 (Xinhua) — Russia announced that it successfully test-launched a Sarmat intercontinental ballistic missile on Wednesday at a time when Moscow-West tensions have sharply escalated over Ukraine.
The missile was fired from a silo at 15:12 Moscow Time (1212 GMT) at the Plesetsk state test cosmodrome in northwest Russia’s Arkhangelsk region, the country’s Defense Ministry said.
The training warheads reached a given area at the Kura test ground on the Kamchatka Peninsula and the tasks were completed in full, it said in a statement.
After the test, Russian President Vladimir Putin said the new missile complex has “the highest tactical and technical characteristics and is able to overcome all modern means of anti-missile defense.”
Sarmat will strengthen the combat potential of the Russian Armed Forces, protect Russia from external threats, and “make those who, in the heat of frenzied and aggressive rhetoric, try to threaten our country think,” he said in an online meeting with top defense officials.

Screenshot of footage published by the Kremlin shows the test launch of a Sarmat missile on April 20, 2022.