Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လူပေါင်း ၄၈၅,၀၀၀ အပေါ်သက်ရောက်မှုရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ ဝူယွမ်ခရိုင်တွင် ရေလွှမ်းမိုးသောနေရာများအား ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ချန်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၏ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု လျော့ပါးရေးရုံးချုပ်က မိုးရေများ တင်ကျန်နေသဖြင့် ဒေသခံ ၄၈၅,၀၀၀ ခန့်အပေါ် သက်ရောက်မှုရှိခြင်းကြောင့် ဇွန် ၂၀ ရက် ညနေပိုင်း၌ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်မှုကို အဆင့် ၂ အထိ တိုးမြှင့်လိုက်ကြောင်း သိရသည်။
ဇွန် ၁၈ ရက်မှ ၂၀ ရက် ညနေ ၃ နာရီအထိ ကျန်းရှီးပြည်နယ်တစ်ခွင် ခရိုင် ၅၅ ခု၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် ကောက်ပဲသီးနှံ ၄၃,၃၀၀၀ ဟက်တာ ပျက်စီးခဲ့သည်။
ရေလွှမ်းမိုးခြင်းကြောင့် စီးပွားရေးတိုက်ရိုက်ဆုံးရှုံးနစ်နာမှုမှာ ယွမ်သန်း ၄၇၀ (အမေရိကန်ဒေါ်လာ ၇၀.၄ သန်းခန့်) အထိ ရောက်ရှိလာခဲ့ကြောင်း ရုံးချုပ်၏ အဆိုအရ သိရသည်။
ကျန်းရှီးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းသည် ဇွန် ၂၁ ရက်၌ သိသိသာသာလျော့နည်းသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် မိုးသည်းထန်စွာရွာသွန်းခြင်းသည် ပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၌ ဖြစ်ပွားမည်ဖြစ်ကြောင်း ဒေသန္တရ မိုးလေဝသဌာနက ပြောခဲ့သည်။ ယင်းမိုးရွာသွန်းမှုသည် ဇွန် ၂၂ ရက်တွင် ယန်ဇီမြစ်ဝှမ်းမြောက်ဘက်သို့ ရွေ့လျားသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China, #Rainstorm, #Jiangxi, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #မိုးသည်းထန်စွာရွာသွန်းခြင်း, #ကျန်းရှီး, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………

(English Version)

Rainstorms affect 485,000 people in China’s Jiangxi

Source: Xinhua

Editor: huaxia

2022-06-21 13:24:15
NANCHANG, June 21 (Xinhua) — The flood control and drought relief headquarters of east China’s Jiangxi Province upgraded the flood control emergency response to level II on Monday evening, as around 485,000 residents were affected by lingering rain.

From Saturday to 3:00 p.m. Monday, heavy rain and floods had hit 55 counties across Jiangxi, with 43,300 hectares of crops affected. Direct economic losses from the floods reached 470 million yuan (about 70.4 million U.S. dollars), according to the headquarters.

The local meteorological department said that rainfall in Jiangxi would weaken slightly on Tuesday, but heavy rain would hit its southern and eastern parts. The rain belt would move north to the Yangtze River basin on Wednesday. ■
Photo : Aerial photo taken on June 20, 2022 shows flooded areas of Wuyuan County, east China’s Jiangxi Province. The province on June 20, 2022 issued a red alert for floods, as local hydrological stations registered water in local rivers at warning lev

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.