Connect with us

Europe

တရုတ်နိုင်ငံက ပါပူအာနယူးဂီနီထံ ဆေးရုံလွှဲပြောင်းပေးအပ်

ပါပူအာနယူးဂီနီ (PNG) နိုင်ငံ ၊ Enga ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားသော ဆေးရုံအား မေလ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပါပူအာနယူးဂီနီနိုင်ငံ Enga ပြည်နယ်ရှိ ပြည်နယ်ဆေးရုံ၌ အသစ်တည်ဆောက်ထားသော ဆေးရုံအား ပါပူအာနယူးဂီနီနိုင်ငံ (PNG) အစိုးရထံသို့ ဇွန်လ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းဆေးရုံက ဒေသခံပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။Engan ပြည်နယ် မြို့တော် Wabag တွင် ပြုလုပ်သော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ PNG ဝန်ကြီးချုပ် James Marape က အရည်အသွေးမြင့်စီမံကိန်းအား ပံ့ပိုးပေးခြင်းအတွက် တရုတ်အစိုးရအား ကျေးဇူးတင်ကြောင်း၊ PNG အစိုးရအနေဖြင့် နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ ဆေးရုံသည် Enga ပြည်နယ်ရှိ ပြည်သူများအတွက် အိပ်မက်တစ်ခုဖြစ်သလို နိုင်ငံအတွက်လည်း အဆင့်မြင့်နည်းပညာဖြင့် ကျန်းမာရေးစင်တာတစ်ခု ရှိလာခဲ့ပြီဖြစ်သလို တရုတ်နိုင်ငံ၏ အကူအညီကြောင့် အိပ်မက် အကောင်အထည်ပေါ်လာခြင်းဖြစ်ကြောင်း Enga ပြည်နယ် အုပ်ချုပ်ရေးမှူး Peter Ipatas က ပြောခဲ့သည်။

ကျန်းမာရေးကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအဖြစ် နောက်ဆုံးထွက်ပေါ်လာသော စီမံကိန်းအား ရည်ညွှန်းပြောကြားလျက် တရုတ်နိုင်ငံနှင့် PNG တို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ချစ်ကြည်ရင်းနှီးမှုအပြင် အပြန်အလှန် ပံ့ပိုးမှုနှင့် ယုံကြည်မှုကို သရုပ်ဖော်ပြနေပြီး တရုတ်နိုင်ငံသည် PNG လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ကူညီမှု ဆက်လက်ပံ့ပိုးရန် အသင့်ရှိကြောင်း PNG နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Zeng Fanhua က ပြောကြားခဲ့သည်။

#China, #PNG, #Hospital, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ပါပူအာနယူးဂီနီ, #ဆေးရုံ, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
——————————-
(English Version)

China hands over hospital to PNG
Source: XinhuaEditor: huaxia2022-06-21 10:06:15
SYDNEY, June 21 (Xinhua) — China handed over the newly built provincial hospital in Enga to the government of Papua New Guinea (PNG) on Monday, which will help improve medical services for local people.

Addressing the handover ceremony in the Engan capital of Wabag, PNG Prime Minister James Marape thanked the Chinese government for its support for the high-quality project, saying that the PNG government is willing to deepen cooperation with China in all areas.

Enga Province Governor Peter Ipatas said it was a dream for the people of Enga and the country to have a medical center with advanced technologies, and thanks to China’s help, the dream came true.

Calling the project the latest outcome of bilateral cooperation in the health sector, Chinese Ambassador to PNG Zeng Fanhua said both China and PNG are developing countries, bilateral cooperation demonstrates friendship as well as mutual support and trust, and China is ready to continue providing assistance to PNG’s social and economic development. ■
Photo : File photo taken on May 31, 2022 shows the China-aided provincial hospital in Enga, Papua New Guinea (PNG). (Guangdong Foreign Construction Co./