Connect with us

North America

အမေရိကန်တွင် ၆ လသားအရွယ်ထိ ကလေးငယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ယခုရက်သတ္တပတ်တွင် စတင်

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဆန်အန်တိုနီရှိ ကာကွယ်ဆေးထိုးနှံရေး ဆေးခန်းတစ်ခုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးပုလင်း ပြင်ဆင်နေသော ကျန်းမာရေး ဝန်ထမ်းတစ်ဦးအား ဇွန် ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

လော့အိန်းဂျလိစ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အသက် ၆ လသားအရွယ်ထိ ကလေးငယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ယခုရက်သတ္တပတ်တွင် စတင်ရန် ရည်မှန်းထားကြောင်း သိရသည်။အမေရိကန် ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဌာန (CDC) က အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ ထပ်တိုး ကလေးငယ် အရေအတွက် ၁၉ သန်းအတွက် ကာကွယ်ဆေးထိုးနှံပေးရန် လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် ယင်းအစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

အသက် ၆ လသား မှ ၄ နှစ်သားအရွယ်ထိ ကလေးငယ်များအတွက် Pfizer-BioNTech ကာကွယ်ဆေးထိုးနှံပေးရန် CDC ၏ အကြံပေးအဖွဲ့က ပြီးခဲ့သော စနေနေ့တွင် တစ်စုတစ်စည်းထဲ ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Juneteenth ဖက်ဒရယ်အားလပ်ရက်ပြီးနောက် ဇွန် ၂၁ ရက်မှ စတင်ကာ အသက် ၅ နှစ်အောက် ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးနှံမှု စတင်ရန် အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောကြားခဲ့သည်။

ကြိုတင်စာရင်းပေးသွင်းမှုသည် ကနဦးပိုင်းတွင် အကန့်အသတ်ရှိလိမ့်မည်ဖြစ်ကြောင်း ၊ သို့သော်လည်း မိမိရင်သွေးများအား ကာကွယ်ဆေးထိုးနှံပေးရန် ဆန္ဒရှိသည့် မိဘတိုင်းအတွက် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ထိုးနှံပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးတုန့်ပြန်မှုအဖွဲ့ဝင် Ashish Jha က ပြောကြားခဲ့သည်။(Xinhua)

——————————-
(English Version)

U.S. to start COVID-19 vaccination for kids as young as 6 months this week

LOS ANGELES, June 20 (Xinhua) — The United States is expected to start COVID-19 vaccination this week for children as young as 6 months old.

The plan came after the U.S. Centers for Disease Control and Prevention (CDC) signed off on the shots for an additional 19 million children across the United States.
The CDC’s advisory panel on Saturday unanimously recommended the Pfizer-BioNTech vaccine for children ages 6 months through 4 years, as well as the Moderna vaccine for children ages 6 months through 5 years.

The White House said vaccinations for children under age 5 would begin on Tuesday after the Juneteenth federal holiday.

Appointment availability might be limited initially but every parent who wants to get their child vaccinated should be able to do so in the next few weeks, according to Ashish Jha, who oversees the Joe Biden administration’s COVID-19 response.

Photo – A medical staff member prepares a dose of COVID-19 vaccine at a vaccine clinic in San Antonio, Texas, the United States, Jan. 9, 2022. (Photo by Nick Wagner/Xinhua)