Connect with us

Eastern Europe

ရုရှားနိုင်ငံက ဖင်လန်နိုင်ငံသို့ ဓာတ်ငွေ့ထောက်ပံ့မှုရပ်ဆိုင်းကြောင်း အတည်ပြု

ရုရှား ဓာတ်ငွေ့ လုပ်ငန်းကုမ္ပဏီ Gazprom ၏ လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂၂ ရက်(ဆင်ဟွာ)

ရုရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Gazprom က ရူဘယ်ငွေကြေးဖြင့် ပေးချေခြင်းမရှိသောကြောင့် ဖင်လန်နိုင်ငံ၏ နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီ Gasum အား မေ ၂၁ ရက်မှစတင်ကာ ဓာတ်ငွေ့ထောက်ပံ့မှု အလုံးစုံဆိုင်းငံ့လိုက်ကြောင်း အတည်ပြုခဲ့သည်။မတ်လတွင် ထုတ်ပြန်ခဲ့သော ရုရှားသမ္မတအမိန့်ဒီဂရီတစ်ရပ်အရ ဧပြီလတွင် ပေးပို့ခဲ့သည့် ဓာတ်ငွေ့အဖိုးအခအတွက် ဖင်လန် Gasum ကုမ္ပဏီထံမှ ရူဘယ်ငွေကြေးဖြင့် မည်သည့်ပေးချေမှုကိုမျှ မေ ၂၀ ရက်အထိ Gazprom က လက်ခံရရှိခဲ့ခြင်းမရှိကြောင်း ကုမ္ပဏီက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဧပြီ ၁ ရက်မှစတင်ကာ ပေးပို့ခဲ့သည့် ရုရှားဓာတ်ငွေ့များအတွက် ရူဘယ်ငွေကြေးဖြင့် ပေးချေရမည် ဖြစ်ပြီး ယင်းအား မိတ်ဘက်ကုမ္ပဏီများထံ အချိန်မီအကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း Gazprom က ပြောကြားခဲ့သည်။

Gazprom သည် ၂၀၂၁ ခုနှစ်တွင် ဖင်လန်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁ ဒသမ ၄၉ ဘီလီယံ တင်ပို့ပေးခဲ့ကြောင်း ၊ ယင်းသည် ဖင်လန်နိုင်ငံ၌ စုစုပေါင်း ဓာတ်ငွေ့သုံးစွဲမှု၏ သုံးပုံ-နှစ်ပုံ ရှိကြောင်း ကုမ္ပဏီက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

———————–
(English Version)
Russia confirms halt of gas supply to Finland
MOSCOW, May 21 (Xinhua) — Russian energy giant Gazprom confirmed a complete suspension of gas supply to the Finland’s state-owned gas company Gasum starting Saturday due to its non-payment in rubles.
As of the end of Friday, Gazprom Export has not received any payment in rubles from Gasum for gas supplied in April in accordance with a Russian presidential decree in March, the company said in a statement.
Russian gas supplied from April 1 must be paid in rubles, of which the counterparties were informed in a timely manner, Gazprom said.
Gazprom Export delivered 1.49 billion cubic meters of natural gas to Finland in 2021, which accounted for two-thirds of the total gas consumption in the Nordic country, it added. ■
Photo – File photo of Russian gas industry giant Gazprom