Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက ရေဘေးကယ်ဆယ်ရေးအတွက် ယွမ်သန်း ၅၀၀ ခွဲဝေသတ်မှတ်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ Jimei ခရိုင်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းသွာလာသူတစ်ဦးအား ၂၀၂၁ ခုနှစ် ဩဂုတ်လ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ယခုနှစ် ရေကြီးရာသီတွင် တုံ့ပြန်မှုဆောင်ရွက်ရန်အတွက် ယွမ်သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၇၄ သန်းခန့်) လျာထားကြောင်း တာဝန်ရှိသူများက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါရန်ပုံငွေအား ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနတို့က ပူးတွဲခွဲဝေသတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရေအရင်းအမြစ်ဝန်ကြီးဌာနက ရေကြီးရေလျှံမှုထိန်းချုပ်ရေးအခြေခံအဆောက်အအုံများ ထိန်းသိမ်းရေး ၊ လုံခြုံဘေးကင်းရေးဦးစားပေးရန်အတွက် ဘေးအန္တရာယ်များအား ဖယ်ထုတ်ရှင်းလင်းရေး နှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့အပါအဝင် အလားအလာရှိသောရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်မှုများ တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မေလမှစတင်ကာ ရေကြီးရေလျှံမှုထိန်းချုပ်ရေးအတွက် အရေးပေါ်တုံ့ပြန်မှုများစွာကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————————
(English Version)
China allocates 500 mln yuan for flood relief
BEIJING, May 21 (Xinhua) — China has earmarked 500 million yuan (about 74 million U.S. dollars) for this year’s flood season response, authorities said Saturday.
The fund was jointly allocated by the Ministry of Finance and the Ministry of Water Resources.
The Ministry of Water Resources has called for progress in preparations for potential floods, including maintaining flood control infrastructure, eliminating safety risks and conducting disaster relief drills.
China has activated several emergency responses for flood control since May after heavy downpours hit southern parts of the country. ■
Photo – A citizen wades through a waterlogged road on a motorcycle in Jimei District of Xiamen, southeast China’s Fujian Province, Aug. 5, 2021. (Xinhua/Zeng Demeng)