Connect with us

Economy

တရုတ်နိုင်ငံ၏ ရေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏ ပထမလေးလတာအတွင်း ၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိိုးပြည်နယ် Wujiang မြစ်အတွင်း သွားလာနေသည့် ကုန်တင်သင်္ဘောများအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏသည် ယခုနှစ် ပထမလေးလတာအတွင်း နှစ်အလိုက် ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။ပထမလေးလတာအတွင်း ရေကြောင်းဖြင့် ကုန်ပစ္စည်း တန်ချိန် ၂ ဒသမ ၆၃ ဘီလီယံဝန်းကျင်အား သယ်ယူပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

ဧပြီတစ်လတည်းတွင် တရုတ်နိုင်ငံ၏ ရေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏမှာ တန်ချိန် ၆၉၄ ဒသမ ၀၁ သန်း ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်သည် ပြည်နယ်အဆင့် ဒေသ ၃၁ ခုအနက် တိုးတက်မှုတွင် ဦးဆောင်နေပြီး ဇန်နဝါရီလမှ ဧပြီလအထိ ကာလအတွင်း နှစ်အလိုက် တိုးတက်မှု ၂၅ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၊ယင်းနောက်တွင် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် နှင့် နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်တို့ က ရပ်တည်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————
(English Version)
China’s waterway freight volume up 4.2 pct in first 4 months

BEIJING, May 22 (Xinhua) — China’s waterway freight volume rose 4.2 percent year on year in the first four months of the year, data from the Ministry of Transport showed.

Around 2.63 billion tonnes of waterway cargo were transported during this period, according to the ministry.

In April alone, China’s waterway freight volume stood at 694.01 million tonnes, the ministry said.

Central China’s Hubei Province led the expansion among 31 provincial-level regions, reporting a year-on-year growth of 25.1 percent in the January-April period, followed by south China’s Hainan Province and east China’s Jiangsu Province. ■

Photo 1 – Aerial photo taken on Nov. 18, 2021 shows cargo ships loaded with phosphate ore sailing on the Wujiang River in southwest China’s Guizhou Province. (Xinhua/Tao Liang)