Connect with us

Economy

တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံသို့ မြန်နှုန်းမြင့်ရထားများ စတင် တင်ပို့

ချင်းသောင်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် အထူးထုတ်လုပ်ထားသော မြန်နှုန်းမြင့် ခရီးသည်တင် လျှပ်စစ်ရထားနှင့် စစ်ဆေးစမ်းသပ်ရေးရထားသည် ဩဂုတ် ၂၁ ရက် က တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း သိရသည်။အဆိုပါရထားများကို ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်၏ အထင်ကရ စီမံကိန်းတစ်ခုအဖြစ် CRRC Qingdao Sifang Co., Ltd.မှ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်း ဖြစ်သည်။ပထမအသုတ် ရထားများသည် ဩဂုတ်လကုန်ပိုင်းတွင် ဂျကာတာသို့ ရောက်ရှိမည်ဖြစ်ပြီး ကျန်ရထားများကို ၂၀၂၃ ခုနှစ်အစောပိုင်းတွင် အသုတ်ခွဲ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

ဖုရှင်း(Fuxing)ကျည်ဆန်ရထားများ၏ အဆင့်မြင်နည်းပညာကြောင့် ရထား၏အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ ပြေးဆွဲနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏စံချိန်စံညွှန်များအတိုင်း ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ပတ်ဝန်းကျင်၊လမ်းကြောင်းအနေအထား၊ ဒေသယဉ်ကျေးမှုနှင့်လည်း ကိုက်ညီမှုရှိကြောင်း သိရသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် အထူးတည်ဆောက်ထားသည့် မြန်နှုန်းမြင့် ခရီးသည်တင် လျှပ်စစ်ရထားကြီးအား ဩဂုတ် ၁၈ ရက်က တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင် ဆိပ်ကမ်းရှိ သင်္ဘောပေါ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် တည်ဆောက်ထားသည့် မြန်နှုန်းမြင့် ခရီးသည်တင် လျှပ်စစ်ရထားကြီးအား တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းအတွက် တည်ဆောက်ထားသည့် မြန်နှုန်းမြင့် ခရီးသည်တင်ရထားကြီးအား တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် စမ်းသပ်မောင်းနှင်နေသည်ကို ဩဂုတ် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် အင်ဒိုနီးရှားနိုင်ငံ၏ နာမည်ကျော် ခရီးသွားမြို့တော် ဘန်ဒေါင်းကို ချိတ်ဆက်ထားရာ စုစုပေါင်းအရှည် ၁၄၂ ကီလိုမီတာ ရှိကြောင်း သိရသည်။(Xinhua)

———————————

China begins shipment of high-speed trains to Indonesia
QINGDAO, Aug. 21 (Xinhua) — A high-speed electric passenger train and an inspection train, customized for the Jakarta-Bandung high-speed railway in Indonesia, left the port of Qingdao in east China’s Shandong Province on Sunday.
The trains were designed and manufactured by CRRC Qingdao Sifang Co., Ltd. for the landmark project under the Belt and Road Initiative.
The first trains will arrive in Jakarta by the end of August, and the delivery of the remainder will be completed in batches by the beginning of 2023, according to the company.
Relying on the advanced technology of the Fuxing bullet train, the trains have a maximum operating speed of 350 kilometers per hour and were designed and manufactured according to Chinese standards, and adapted to the local operational environment and line conditions in Indonesia, as well as to the local culture.
With a total length of 142 kilometers, the Jakarta-Bandung high-speed railway connects Jakarta, the Indonesian capital, and Bandung, a famous tourist city in Indonesia. Enditem

1,2 – Aerial photo taken on Aug. 18, 2022 shows a high-speed electric passenger train, customized for the Jakarta-Bandung high-speed railway, being loaded on a vessel in Qingdao Port of east China’s Shandong province. (Photo by Jiang Chao/Xinhua)
3 – Photo taken on Aug. 5, 2022 shows a high-speed electric passenger train, customized for the Jakarta-Bandung high-speed railway, in Qingdao, east China’s Shandong province. (Xinhua/Li Ziheng)
4 – Aerial photo taken on Aug. 5, 2022 shows a set of high-speed passenger train, customized for the Jakarta-Bandung high-speed railway, during a trial run in Qingdao, east China’s Shandong province. (Xinhua/Li Ziheng)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.