Connect with us

Social, Education & Health

ပန်ဒါကြီးမျိုး သားပေါက်လေး Xiao Qi Ji ၏ အသက် ၂ နှစ်ပြည့်မွေးနေ့ပွဲ အမေရိကန်နိုင်ငံတွင် ကျင်းပ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ Smithsonian အမျိုးသားတိရစ္ဆာန်ရုံတွင် ပန်ဒါကြီးမျိုး သားပေါက်လေး Xiao Qi Ji (ယာ) နှင့် ၎င်း၏မိခင် Mei Xiang တို့အား ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

ပန်ဒါကြီးမျိုးဖြစ်သော Xiao Qi Ji သားပေါက်လေး၏ အသက် ၂ နှစ်ပြည့်မွေးနေ့ပွဲကို ဩဂုတ် ၂၁ ရက်က ဝါရှင်တန်ဒီစီမြို့ရှိ Smithsonian အမျိုးသား တိရစ္ဆာန်ရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။နံနက်ပိုင်းတွင် နာမည်ကျော် ပန်ဒါကြီးမျိုးနေထိုင်ရာနေရာအပြင်ဘက်၌ Xiao Qi Ji အား မွေးနေ့နှုတ်ခွန်းဆက်ရန် လာရောက်သူဧည့်သည်များဖြင့် ဝန်းရံလျက်ရှိသည်။

တိရစ္ဆာန်ရုံဝန်ထမ်းများက ပန်ဒါသားပေါက်လေးအတွက် ပန်းသီးနှင့် နာနတ်သီး ဖျော်ရည်များဖြင့် ရောနှောထားသော ရေခဲကိတ်မုန့်တစ်ခု ပြုလုပ်ကာ “၂” ဟုသော အနီရောင်စာလုံးနှင့် ပန်ဒါလေးနှစ်သက်သော စားသောက်ဖွယ်ရာများဖြစ်သည့် ကန်စွန်းဥ၊ ပန်းသီး၊ မုန်လာဥနီ၊ သစ်တော်သီး၊ ကြံ၊ ငှက်ပျောသီးနှင့် ဝါး စသည်တို့ဖြင့် အလှဆင်ထားသည်။

Xiao Qi Ji ၏ မိခင် Mei Xiang သည် ယခင်လက အသက် ၂၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ပန်ဒါသားပေါက်လေး၏ ဇီဝဗေဒမျိုးစပ်နည်းအရ ဖခင်ဖြစ်သူ Tian Tian မှာလည်း ယခုသီတင်းပတ်ကုန်ပိုင်း၌ အသက် ၂၅ နှစ် ပြည့်မြောက်မည်ဖြစ်သည်။

အဆိုပါ ပန်ဒါကြီးမျိုးများသည် Smithsonian အမျိုးသားတိရစ္ဆာန်ရုံ၌ ၁၉၇၂ ခုနှစ်ကတည်းက နေထိုင်ကြခြင်းဖြစ်သည်။ Mei Xiang, Tian Tian နှင့် Xiao Qi Ji တို့သည် လက်ရှိတွင် တိရစ္ဆာန်ရုံ၌ နေထိုင်လျက်ရှိသော ပန်ဒါကြီးမျိုး သုံးကောင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China #GiantPanda #XiaoQiJi #WashingtonD.C #2ndBirthday #Xinhua #Myanmar #XinhuaMyanmar #တရုတ် #ပန်ဒါကြီးမျိုး #ဝါရှင်တန်ဒီစီ #အသက်၂နှစ်မြောက်မွေးနေ့ #ဆင်ဟွာ
………………………………………………

Giant panda cub Xiao Qi Ji celebrates 2nd birthday in U.S.
WASHINGTON, Aug. 21 (Xinhua) — Giant panda cub Xiao Qi Ji celebrated his second birthday at the Smithsonian’s National Zoo in Washington, D.C. on Sunday.
The outside area of the renowned giant panda habitat was packed with visitors, who came to wish Xiao Qi Ji a happy birthday in the morning.
Keepers made a cake with frozen diluted apple and pineapple juices for the cute cub, and decorated it with a red “2” as well as the cub’s favorite treats — sweet potato, apple, carrot, pear, sugar cane, banana, and bamboo.
Mei Xiang, Xiao Qi Ji’s mother, turned 24 years old last month and Tian Tian, the cub’s biological father, will mark his 25th birthday later this week.
Giant pandas have been living in the Smithsonian’s National Zoo since 1972. Mei Xiang, Tian Tian and Xiao Qi Ji are the three giant pandas currently living in the zoo.
Photo : Photo taken on April 16, 2022 shows giant panda cub “Xiao Qi Ji” (R) and its mother “Mei Xiang” at Smithsonian’s National Zoo in Washington, D.C., the United States.(Xinhua/Liu Jie)