Connect with us

Videos

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး Yakutia ရေခဲခွဲသင်္ဘောရေချ

မော်စကို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ 22220 ပုံစံ နျူကလီးယားစွမ်းအင်သုံး “Yakutia” ရေခဲခွဲသင်္ဘော၏ ရေချခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက်က စိန့်ပီတာစဘတ်မြို့ ဘောလ်တစ်ပင်လယ် သင်္ဘောကျင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ပြီး “ကမ္ဘာ့အခြေအနေ ဘယ်လိုပြောင်းလဲသွားပါစေ ရုရှားဟာ တခြားနိုင်ငံတွေနဲ့ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောတွေ ပူးပေါင်းတည်ဆောက်ဖို့ တံခါးဖွင့်ထားပါတယ်” ဟု ပူတင်ကပြောကြားခဲ့သည်။
ရုရှား၏ 22220 ပုံစံ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောသည် လက်ရှိကမ္ဘာပေါ်တွင် အင်အားအပြင်းဆုံး ရေခဲခွဲသင်္ဘောဖြစ်ပြီး ၎င်း၏ အဓိကတာဝန်မှာ မြောက်ပင်လယ်လမ်းကြောင်း၏ သယ်ယူပို့ဆောင်ရေး အလားအလာကို ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–

俄罗斯“雅库特”号核动力破冰船下水俄罗斯总统网站22日发布消息说,俄22220型核动力破冰船“雅库特”号下水仪式当日在位于圣彼得堡的波罗的海造船厂举行。  俄罗斯总统普京当日通过视频连线方式出席了“雅库特”号下水仪式。他表示,无论世界局势如何变化,俄罗斯都对与其他国家合作建造核动力破冰船持开放态度。俄22220型核动力破冰船是当前世界上动力最强的破冰船,其主要任务是开发北方海路的运输潜力。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.