Connect with us

Videos

တရုတ်နိုင်ငံအရှေ့ပိုင်းက ၂၂၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ရေးစီမံကိန်း အရှိန်ကောင်းကောင်းဖြင့် ဆောင်ရွက်လျက်ရှိ

ဟဲဖေး ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းတောင်ရှိ တောတောင်ထူထပ်သော ဧရိယာများတွင် ၂၂၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်မှုကို အရှိန်ကောင်းကောင်း ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။တည်ဆောက်ရေးလုပ်ငန်းသည် အခက်အခဲများစွာဖြင့် ကြုံတွေ့ရလျက်ရှိပြီး ထောက်ပံ့ပို့ဆောင်ရေးသည် အခက်ခဲဆုံးတစ်ခု ဖြစ်သည်။ အလုပ်သမားများသည် ရံဖန်ရံခါ ဆောက်လုပ်ရေးပစ္စည်းများအား မြင်းများဖြင့် သယ်ယူကာ လုပ်ငန်းခွင်များသို့ ရောက်ရှိရန် တောင်တက်လမ်း မိုင်ပေါင်းများစွာ သွားလာရကြောင်း သိရသည်။

ယင်းဓာတ်အားလိုင်းပြီးစီးပါက ဒေသတွင်းလျှပ်စစ်ဓာတ်အား ရရှိရေး ၊ စီးပွားရေး နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)