Connect with us

Asia

ဖိလစ်ပိုင်ကူးတို့သင်္ဘော ပင်လယ်ပြင်၌ မီးလောင်မှုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်၌ မီးလောင်နေသည့် ကူးတို့သင်္ဘောမှ မီးခိုးများ ထွက်နေသည်ကို မေ ၂၃ ရက်တွင် တွေ့ရစဉ်(PCG Handout Photo/Xinhua)

မနီလာ ၊ မေ ၂၃ ရက်(ဆင်ဟွာ)

ခရီးသည် ၁၂၄ ဦး နှင့် သင်္ဘောအမှုထမ်း ၁၀ ဦးလိုက်ပါလာသည့် ကူးတို့သင်္ဘောတစ်စင်းသည် မေ ၂၃ ရက်တွင် Luzon ကျွန်း ၏ အဓိက Quezon ပြည်နယ်အတွင်းရှိ မြို့တစ်မြို့သို့ ခုတ်မောင်းနေစဉ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်(PCG)၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။Mercraft 2 သင်္ဘောသည် Quezon ပြည်နယ်အတွင်းရှိ ကျွန်းမြို့တစ်မြို့ဖြစ်သည့် Polillo မြို့မှ ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် Real မြို့ဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာသွားခဲ့ပြီး ဆိပ်ကမ်းမှ မီတာ ၉၀၀ ခန့်အကွာ ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲဝန်းကျင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးချုပ် Armand Balilo က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်၌ မီးလောင်နေသည့် ကူးတို့သင်္ဘောမှ မီးခိုးများ ထွက်နေသည်ကို မေ ၂၃ ရက်တွင် တွေ့ရစဉ်(PCG Handout Photo/Xinhua)

မီးလောင်နေသည့်သင်္ဘောမှ လွတ်မြောက်ရန် ပင်လယ်အတွင်းသို့ ခရီးသည်များ နှင့် သင်္ဘောအမှုထမ်းများ ခုန်ချခဲ့ပြီးနောက် လူပေါင်း ၁၂၇ ဦးထက်မနည်းကို ကယ်ဆယ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ လူ ၂၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ခရီးသည်များ နှင့် အမှုထမ်းများအားလုံးကို ရှာတွေ့ခဲ့ကြောင်း နောက်ဆုံးထုတ်ပြန်ချက်တစ်ရပ်တွင် PCG က ပြောကြားခဲ့သည်။ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်(PCG)က ပေးသည့် ဖြစ်စဉ်ဓာတ်ပုံများ နှင့် ရုပ်သံများတွင် သင်္ဘောမှာမီးတောက်လောင်နေပြီး လူများသည် မီးလောင်နေသည့် ကူးတို့သင်္ဘောမှ လှေငယ်ပေါ်သို့ ကြောက်ရွံ့စွာ ပြေးလွှားနေသည်ကို ဖော်ပြထားသည်။

အခြားဓာတ်ပုံများတွင် လူများသည် ရေပေါ်ရှိ အရာဝတ္ထုများ နှင့် ကြိုးများအား တွယ်ကပ်နေသည်ကို ဖော်ပြထားသည်။ရုပ်သံဖိုင်တွင် PCG အဖွဲ့ဝင်တစ်ဦးက လူတစ်ဦးအား သတိလည်လာအောင် ပြုစုပေးနေသည်ကိုလည်း တွေ့မြင်ရသည်။တာဝန်ရှိသူများက သင်္ဘောအင်ဂျင်အခန်းမှ ဖြစ်ပေါ်လာသည့် မီးလောင်မှုအကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

——————————————

(English Version)
7 people killed after Philippine ferry catches fire at sea
MANILA, May 23 (Xinhua) — A ferry with 124 passengers and 10 crew members on board caught fire on Monday while traveling to a town in Quezon province on the main Luzon island, leaving at least seven dead, a spokesperson for the Philippine Coast Guard (PCG) said.
Commodore Armand Balilo said the vessel Mercraft 2 left at 5:00 a.m. local time in Polillo, an island town in the province, and was heading to a port of Real town when it caught fire around 6:30 a.m. local time approximately 900 meters from the port.
Balilo said at least 127 people were rescued after the passengers and crew jumped into the sea to escape the burning boat. Twenty-four were injured, he added.
The PCG said in an updated report that all passengers and crew were accounted for.
Photos and videos of the incident provided by the PCG showed a blaze engulfing the boat and people scampering to leave the burning ferry onto a raft. Another photo showed people clinging to floating objects and ropes. A video also showed a PCG member reviving a man.
Authorities are investigating the cause of the fire which reportedly came from the boat’s engine room. ■
Photo 1 – Smoke billows from a burning ferry in Quezon Province, the Philippines on May 23, 2022. (PCG Handout Photo/Xinhua)
Photo 2 – Smoke billows from a burning ferry in Quezon Province, the Philippines on May 23, 2022. (PCG Handout Photo/Xinhua)