Connect with us

China

တရုတ်နိုင်ငံတွင် မိုးသက်မုန်တိုင်းများအပြာရောင်သတိပေးချက် ပြင်ဆင်သတ်မှတ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ Leping မြို့တွင် ရေပြည့်လျှံနေသောလမ်းတစ်နေရာအား ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသား မိုးလေဝသစင်တာက ဇွန် ၂၃ ရက်တွင် နိုင်ငံအတွင်းရှိ ဒေသများစွာ၌ မိုးသက်မုန်တိုင်းများဆိုင်ရာ အပြာရောင်သတိပေးချက် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဟဲနန်၊ ဆန်းတုန်း၊ ဟူပေ၊ ဟူနန်၊ အန်ဟွေး၊ ကျန်းဆူး၊ စီချွမ်း၊ ချုံချင့်၊ ကွေ့ကျိုး၊ ယူနန်၊ အတွင်းမွန်ဂိုးလီးယား၊ ဟေးလုံကျန်း၊ ကျိလင်နှင့် လျောင်နင် စသည့်နေရာများ၌ ဇွန် ၂၃ ရက် နံနက် ၈ နာရီမှ ဇွန် ၂၄ ရက် နံနက် ၈ နာရီအထိ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ အချို့နေရာများတွင် မိုးရေချိန် ၁၃၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ဒေသများ၏ အချို့နေရာများတွင် နာရီအလိုက်မိုးရွာသွန်းမှုများမှာ ၆၀ မီလီမီတာကျော် ရှိနိုင်မည်ဖြစ်ပြီး မိုးကြိုးမုန်တိုင်းများနှင့် လေပြင်းများလည်း တိုက်ခတ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ဒေသန္တရအစိုးရများအနေဖြင့် သင့်တင့်လျောက်ပတ်သော ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် မြို့များ၊ လယ်ကွင်းများနှင့် ငါးကန်များတွင် ရေနုတ်မြောင်းစနစ်များကို စစ်ဆေးရန် မိုးလေဝသစင်တာက အကြံပြုထားသည်။

ထို့ပြင် စာသင်ကျောင်းများနှင့် မူကြိုများကိုလည်း ကလေးငယ်များ ဘေးကင်းစိတ်ချရမှုရှိစေရန် သင့်လျော်သော စီမံဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် ယာဉ်မောင်းများအနေဖြင့်လည်း ရေကြီးရေလျှံခြင်းနှင့် လမ်းပိတ်ခြင်းများဆိုင်ရာ သတိပြုနိုင်ရန် နှိုးဆော်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ရာသီဥတုသတိပေးချက်စနစ် အရောင်သတ်မှတ်ချက် လေးခုရှိကြောင်း၊ အနီရောင်မှာ အပြင်းထန်ဆုံးသတိပေးချက်ဖြစ်ပြီး ယင်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင် ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)
……………………………
(English Version)
China renews blue alert for rainstorms
Source: XinhuaEditor: huaxia2022-06-23 14:46:14
BEIJING, June 23 (Xinhua) — China’s National Meteorological Center on Thursday renewed a blue alert for rainstorms in various parts of the country.

From 8 a.m. Thursday to 8 a.m. Friday, heavy downpours are expected to lash parts of Henan, Shandong, Hubei, Hunan, Anhui, Jiangsu, Sichuan, Chongqing, Guizhou, Yunnan, Inner Mongolia, Heilongjiang, Jilin and Liaoning. Some areas may experience up to 130 millimeters of rainfall.

Some of these regions are also likely to encounter over 60 millimeters of hourly precipitation, accompanied by thunderstorms and gales.

The meteorological center has advised local governments to make appropriate preparations and check the drainage systems in cities, farmland and fishponds.

Schools and kindergartens have been asked to take appropriate measures to ensure the safety of children, while drivers have been alerted to watch out for flooding and traffic jams.

China has a four-tier color-coded weather warning system, with red representing the most severe warning, followed by orange, yellow and blue. ■
Photo : Photo taken on June 20, 2022 shows a flooded street in Leping, east China’s Jiangxi Province. (Xinhua/Zhou Mi)