Connect with us

China

“တရုတ်နိုင်ငံ၏ ခေတ်သစ်အပေါ် ကျွန်ုပ်တို့၏ ရှုမြင်ချက်” ခေါင်းစဉ်ဖြင့် ဆောင်းပါးနှင့် ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများနက်ရှိုင်းရေး၊ ယဉ်ကျေးမှုအဖွဲ့အစည်းများကြား အပြန်အလှန်လေ့လာမှုမြှင့်တင်ရေးနှင့် ပြည်သူအချင်းချင်း ကွန်ရက်ချိတ်ဆက်မှု တိုးမြှင့်ရေးအတွက် China NGO Network for International Exchanges (CNIE) နှင့် the Chinese Association for International Understanding (CAFIU) တို့က “တရုတ်နိုင်ငံ၏ ခေတ်သစ်အပေါ် ကျွန်ုပ်တို့၏ ရှုမြင်ချက်” ခေါင်းစဉ်ဖြင့် ဆောင်းပါးနှင့် ဗီဒီယိုဇာတ်လမ်းတိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်မည့်သူများအနေဖြင့် အဆိုပါ ခေါင်းစဉ်အောက်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံပညာနှင့် နည်းပညာရပ်ဆိုင်ရာ တိုးတက်မှု၊ မျိုးနွယ်စု သဟဇာဖြစ်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပြောင်းလဲမှုများ၊ COVID-19 ရောဂါတိုက်ဖျက်မှု၊ အိုလံပစ်စိတ်ဓာတ် သို့မဟုတ် နိုင်ငံတကာ ကူးလူးဖလှယ်မှုများ စသည့်အကြောင်းအရာများနှင့် ပတ်သက်၍ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တွေ့ကြုံခဲ့ရသည်များကို ဆောင်းပါးရေးသားခြင်းနှင့် ဗီဒီယိုဇာတ်လမ်းအတိုများ ရိုက်ကူးခြင်းဖြင့် ပါဝင်နိုင်သည်။

ယင်းပြိုင်ပွဲသို့ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အားလုံးနှင့် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားခြင်းခံရသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

ပြိုင်ပွဲမှာ ဆောင်းပါးများနှင့် ဗီဒီယိုဇာတ်လမ်းတို အမျိုးအစားနှစ်ခုလုံးကို စုစည်းယှဉ်ပြိုင်ခြင်းဖြစ်သဖြင့် ပါဝင်သူများအနေဖြင့် အကြောင်းအရာစစ်မှန်မှုနှင့် ကိုယ်တိုင်ကြုံတွေ့မှုအပေါ် အခြေခံ၍သာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အခြားသော စာအုပ်များ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ ဝက်ဘ်ဆိုက်များ သို့မဟုတ် ခေတ်သစ်မီဒီယာပလက်ဖောင်းများ၌ ဖော်ပြထုတ်ဝေပြီးသော အကြောင်းအရာများ သို့မဟုတ် အခြားအလားတူပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ထားသော အကြောင်းအရာများကို လက်ခံမည်မဟုတ်ပေ။

ပြိုင်ပွဲသို့ တင်သွင်းသည့် ဆောင်းပါးမှာ စာလုံးရေ ၁,၀၀၀ မှ ၂,၀၀၀ အတွင်းရှိရမည်ဖြစ်ပြီး အကြောင်းအရာ အမျိုးအစား ကန့်သတ်ထားခြင်းမရှိပေ။ ဗီဒီယိုဇာတ်လမ်းတိုအနေဖြင့်မူ အချိန် ၅ မိနစ်ခန့်ရှိသော ဒရာမာ၊ မှတ်တမ်းရုပ်ရှင် သို့မဟုတ် ကာတွန်း စသည်တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကာ AVI, MOV, WMV, MP4 နှင့် RMVB အပါအဝင် အဓိကဗီဒီယိုပုံစံ (format) အားလုံးကို အသုံးပြုနိုင်သည်။

ပြိုင်ပွဲဝင်ရာတွင် အသုံးပြုသောဘာသာစကားအနေဖြင့် ပါဝင်ယှဉ်ပြိုင်သူ၏ မိခင်နိုင်ငံ၏ တရားဝင်ဘာသာစကား၊ အင်္ဂလိပ် သို့မဟုတ် တရုတ် ဘာသာစကားများဖြင့် အသုံးပြုနိုင်သည်။

အဆိုပါ ပြိုင်ပွဲအား ၂၀၂၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကျင်းပနေခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်အမျိုးအစားများကို ၂၀၂၂ ခုနှစ် ဧပြီလကုန်မှ ဇူလိုင် ၃၁ ရက်အထိ တင်သွင်းရမည်ဖြစ်ပြီး ဆုရွေးချယ်ရေးကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

ဆုရွေးချယ်ခြင်းခံရသူများအား CNIE , CAFIU နှင့် the Silk Road NGO Cooperation Network (SIRONET) စသည့်ဝက်ဘ်ဆိုက်များပေါ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်၌ ကြေညာသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အမျိုးအစား နှစ်မျိုးလုံးအတွက် ဆုများအနေဖြင့် ပထမဆု ၅ ဆု၊ ဒုတိယဆု ၁၀ ဆုနှင့် တတိယဆု ၁၅ ဆု အသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ ဆုရရှိသူများအား အသိအမှတ်ပြုလက်မှတ်များနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

ပြိုင်ပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဆုရရှိသူများအနက်အချို့အား တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခြင်း သို့မဟုတ် COVID-19 အခြေအနေအရ အရေးပါသော အွန်လိုင်းနိုင်ငံတကာအခမ်းအနားပွဲများသို့ တက်ရောက်ခြင်း အတွက် ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………..
(English Version)
“China’s New Era in My Eyes” Essay and Short Video Contest Looks forward to Your Participation

(Name),
To deepen cultural exchanges, promote mutual learning among civilisations, and enhance people-to-people connectivity, China NGO Network for International Exchanges (CNIE) and the Chinese Association for International Understanding (CAFIU) will jointly hold an essay and short video contest themed “China’s New Era in My Eyes” from April to September 2022. We sincerely invite you to join the contest. The arrangements are as follows:
1. Theme and Topic
Under the theme of “China’s New Era in My Eyes”, a participant should write an essay or shoot and make a short video about the facts and vivid stories he/she has experienced in the past decade about any of the following topics: China’s economic and social development, scientific and technological progress, ethnic harmony, urban and rural changes, the fight against COVID-19, Olympic spirit, or international exchanges.
2. Participants
All the non-governmental organisations and individuals who have received the invitation are eligible to join. These organisations and individuals may contact the organisers if they would like to recommend other NGOs or individuals to participate. Participants can submit entries either in their own names or in the name of their organisations.
3. Requirements
As the contest includes collection of both essays and short videos, participants can choose either or both of the two items. The entries submitted for the contest should be based on real and personal experience. The entries should be original. Any entries which have been published in any books, newspapers, magazines, websites, or new media platforms, or have been submitted for other similar contests will not be accepted. The length of the essay submitted for the contest should be 1,000-2,000 words, and there is no restriction to the genres. The short video submitted for the contest, which can be a drama, documentary, or cartoon, etc., should be around 5 minutes. The resolution of the short video should be no less than 720P. All the major video formats including AVI, MOV, WMV, MP4, and RMVB are allowed. The language of the essays and short videos should be the official language of the participant’s home country, English or Chinese. The entries should be sent to the designated email box (attached hereafter). The subject of the email (in English or Chinese) should be as follows: Essay contest- Participant’s passport name – Nationality – Title of the Essay (for essay contest), or Short video contest – Participant’s passport name – Nationality – Title of the short video (for short video contest).
4. Schedule
Duration of the contest: April to September 2022 in the following two stages:
(1) Entries collection (late April – July 31, 2022)
(2) Award appraisal (August 1-31, 2022)
The organisers will set up a panel to appraise the entries.
The organisers will announce the list of winners on the websites of CNIE, CAFIU and the Silk Road NGO Cooperation Network (SIRONET) on September 1, 2022.
For the award-winning essays and short videos of the contest, the authors should have the copyright and the right of authorship, and the organisers should have the right to use them. The organisers have the right to use the essays and short videos for publication, publicity, exhibition and other purposes.
The participants should have full, complete and exclusive copyrights for the entries, and shall not infringe any third party’s right of portrait, right of reputation or other intellectual property rights as well as personal ownership.
5. Awards
There will be 5 first-prize winners, 10 second-prize winners, and 15 third-prize winners in the essay and short video contests respectively. The winners will be awarded certificates and medals.
The number of winners may adjust subject to the number of participants and the quality of the entries. The organisers will invite some winners to visit China or attend important online international events according to the COVID-19 situation.
CNIE and CAFIU are ready to further enhance people-to-people understanding and deepen friendship with friends all over the world! We are looking forward to your participation!

Contact information:
Wang Bo 0086-10-83907345
Liu Huici 0086-10-83907351
Yan Yu 0086-10-83907349
Fax: 0086-10-83907342
Email: [email protected]
[email protected]
[email protected]