Connect with us

Africa & Middle East

တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ ခိုကိုးရာမဲ့အာဖဂန်နိုင်ငံသား ၁,၅၀၀ လက်ခံရရှိ

ကဘူးလ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီးဌာနသည် ခိုကိုးရာမဲ့ပြည်သူ ၁,၅၀၀ အတွက် တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို ဧပြီ ၂၃ ရက်တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။“ဒီနေ့မှာတော့ ဆင်းရဲချို့တဲ့သူ ၁,၅၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေ ဖြန့်ဝေပေးခဲ့ပါတယ်။နောက်အပတ်မှာ ဆင်းရဲချို့တဲ့ကြသော မိသားစုတွေကို ဆက်ပြီး ကူညီပေးသွားမှာပါ ။ “ဟု ဒုက္ခသည်များ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးဝန်ကြီး Khalil-ur-Rahman Haqqani က သတင်းထောက်များအား ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Abdul Mutalib Haqqani က အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ဆင်းရဲချို့တဲ့သူတစ်ဦးတယောက်စီတိုင်းသည် တရုတ်နိုင်ငံက လှူဒါန်းသည့် ဆန် ၅၀ ကီလိုဂရမ် တစ်အိတ်စီ လက်ခံရရှိခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အကျပ်အတည်း ဆိုက်နေတဲ့ ဒီလိုအခြေအနေမှာ အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ ပံ့ပိုးပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ပါတယ်။”ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

စစ်ဘေးဒဏ်သင့်အာဖဂန်နစ္စတန်နိုင်ငံသည် ဩဂုတ်လနှောင်းပိုင်းတွင် အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များ ဆုတ်ခွာသွားချိန်မှစတင်ကာ ပြင်းထန်သော စီးပွားရေးပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။အမေရိကန်နိုင်ငံ ဘဏ်များ၌ အာဖဂန်နစ္စတန်နိုင်ငံက အခိုင်အမာပြောဆိုထားသည့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော်ကို အမေရိကန်ဘက်က ထိန်းချုပ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ၏ အထိမခံသောစီးပွားရေးအား ပိုမိုဆိုးရွားစေခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပံ့ပိုးပေးတဲ့အတွက် တရုတ်နိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေအပါအဝင် တခြားနိုင်ငံတွေကို ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”ဟု အကူအညီလက်ခံရရှိသူ အသက် ၃၅ နှစ် အရွယ်ရှိ မိသားစုဝင် ၁၀ ဦး၏ အိမ်ထောင်ဦးစီးလည်း ဖြစ်သူ Farid Ahmad က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ကူညီထောက်ပံ့မှုများအား ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည့် အသက် ၆၀ နှစ်အရွယ်ရှိသော မုဆိုးမတစ်ဦးဖြစ်သည့် Halima က ၎င်း၏ မိသားစုဝင်သုံးဦးအား ကျွေးမွေးရန် ဆန်တစ်အိတ် ရရှိခဲ့ကြောင်း ၊ စားသုံးဆီမရှိဘဲ ချက်ပြုတ် စားသောက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအနေဖြင့် ယွမ်သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄ သန်းခန့်)တန်ဖိုးရှိ အစားအစာ ၊ ဆောင်းရာသီဥတုနှင့်ဆိုင်သော အထောက်အပံ့များ ၊ COVID-19 ကာကွယ်ဆေးများ နှင့် ဆေးဝါးများ ထောက်ပံ့သွားရန် ဆုံးဖြတ်ခဲ့ကြောင်း စက်တင်ဘာလနှောင်းပိုင်းတွင် ကြေညာခဲ့သည်။
တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံအား အစားအစာအကူအညီ စုစုပေါင်း တန်ချိန် ၆,၂၂၀ တန် ထောက်ပံ့ထားကြောင်း သိရသည်။ (Xinhua)

————————-
(English Version)
1,500 destitute Afghans receive China-donated humanitarian assistance
KABUL, April 24 (Xinhua) — The Ministry for Refugees and Repatriation Affairs distributed China-donated humanitarian assistance to 1,500 destitute people here on Saturday.
“Today we distributed the humanitarian assistance to 1,500 needy people and would continue to help needy families next week,” Minister for Refugees and Repatriation Affairs Khalil-ur-Rahman Haqqani told reporters.
In the meantime, Spokesman for the ministry Abdul Mutalib Haqqani told Xinhua that each needy person received a 50 kg sack of rice donated by China in humanitarian aid to the people of Afghanistan.
“We are thankful to China for providing assistance to the people of Afghanistan at this critical stage,” Haqqani told Xinhua.
The war-torn Afghanistan has been facing extreme economic problem since the defeat of the U.S.-led forces and their evacuation from Afghanistan last August. Washington has frozen more than 9.5 billion U.S. dollars of Afghanistan’s asserts in U.S. banks that further worsened the country’s fragile economy.
“I am grateful to China and other countries including the neighboring states for providing humanitarian assistance to us and hope such a cooperation will continue,” an aid recipient Farid Ahmad, 35, who is also the head of a 10-member family, told Xinhua.
Welcoming the assistance, an aged widow only identified as Halima, 60, said, “I received a bag of rice and have to cook it without cooking oil” to feed her three-member family.
The Chinese government announced last September that it has decided to provide food, winter supplies, COVID-19 vaccines, and medicines worth 200 million yuan (about 31.4 million U.S. dollars) in emergency humanitarian aid to Afghanistan.
China has provided a total of 6,220 tons of food aid to Afghanistan. ■
Photo 1 – People receive food donated by China in Kabul, Afghanistan, April 23, 2022. (Photo by Saifurahman Safi/Xinhua)
Photo 2 – People receive food donated by China in Kabul, Afghanistan, April 23, 2022. (Photo by Saifurahman Safi/Xinhua)