Connect with us

Eastern Europe

ယူကရိန်းသမ္မတက ရုရှားနိုင်ငံနှင့်ပဋိပက္ခအား သံတမန်ရေးရာအဖြေရှာရန် ထောက်ခံ

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ယူကရိန်းအရှေ့ပိုင်း၊ Donbass ဒေသရှိ ရှေ့တန်းကာကွယ်ရေးစခန်းမှ တပ်ဖွဲ့ဝင်များအား ၂၀၂၁ခုနှစ်၊ ဧပြီ ၈ ရက်တွင် ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ-- Ukrainian Presidential Office/Handout via Xinhua)

ကိဗ် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ရုရှားနိုင်ငံနှင့် ပဋိပက္ခအား သံတမန်ရေးရာဖြေရှင်းနည်းကို ထောက်ခံကြောင်း ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။သမ္မတ Zelensky က“ဒီနေရာမှာ သံတမန်ရေးရာလမ်းကြောင်းတစ်ခု ရှိပါတယ်။ စစ်ရေးတစ်ခု ရှိပါတယ်။”ဟု ကိဗ်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ပဋိပက္ခအား ရပ်တန့်ချုပ်ငြိမ်းစေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားတပ်ဖွဲ့များက မာရီယူပိုးလ်မြို့၌ ပိတ်မိနေသည့် ယူကရိန်းနိုင်ငံသားများအား သတ်ဖြတ်ပါက သို့မဟုတ် ယူကရိန်းနိုင်ငံအတွင်း ၎င်းတို့ သိမ်းပိုက်ထားသည့် ဒေသများ၌ အတုအယောင်လူထုဆန္ဒခံယူပွဲများ ကျင်းပပါက ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများမှ နုတ်ထွက်မည် ဖြစ်ကြောင်း သမ္မတ Zelensky က အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)

—————————-
(English Version)
Ukrainian president backs diplomatic solution to conflict with Russia

KIEV, April 23 (Xinhua) — Ukrainian President Volodymyr Zelensky said Saturday he supports a diplomatic solution to the conflict with Russia, the Interfax-Ukraine news agency reported.

“There is a diplomatic path. There is a military one,” Zelensky told a press conference in Kiev, adding he wants to stop the conflict and put an end to it.

At the same time, he stressed that Kiev would withdraw from peace negotiations with Moscow if Russian forces kill Ukrainians trapped in Mariupol or hold pseudo-referendums in the areas they captured in Ukraine. ■

Photo – Ukrainian President Volodymyr Zelensky inspects the positions of the Armed Forces of Ukraine at the frontline of defense in Donbass, eastern Ukraine, April 8, 2021. Ukrainian President Volodymyr Zelensky paid a working trip to Donbass in eastern Ukraine due to the escalation of tensions in the region, the president’s press service reported on Thursday. (Ukrainian Presidential Office/Handout via Xinhua)