Connect with us

Europe

အီးယူခေါင်းဆောင်များက ယူကရိန်းနှင့် မော်လ်ဒိုဗာ အား အီးယူအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းများအဖြစ် ခွင့်ပြု

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသော ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen အား ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များက ယူကရိန်းနိုင်ငံနှင့် မော်လ်ဒိုဗာနိုင်ငံတို့အား အီးယူအဖွဲ့ဝင်ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံခဲ့ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel က ဇွန်၂၃ ရက်၌ ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တွင် မော်လ်ဒိုဗာနိုင်ငံ သမ္မတ Maia Sandu အား ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel (ယာ) က ဇန်နဝါရီ ၁၈ ရက်က လက်ခံတွေ့ဆုံနေစဉ် (ဓာတ်ပုံ- European Union/Handout via Xinhua)

“သဘောတူညီမှုရရှိပါတယ်။ EUCO အနေနဲ့ ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့ရဲ့ အီးယူအဖွဲ့ဝင်ကိုယ်စာလှယ်လောင်း အဆင့်တွေကို ဆုံးဖြတ်ခဲ့ပါတယ်။ သမိုင်းဝင်အခိုက်အတန့်ပါပဲ” ဟု Michel က တွစ်တာပေါ်၌ ကြေညာခဲ့သည်။ EUCO ဆိုသည်မှာ ဥရောပကောင်စီကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး လက်ရှိတွင် ဘရပ်ဆဲမြို့၌ အီးယူခေါင်းဆောင်များ တက်ရောက်နေခြင်းဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံနှင့် အစိုးရခေါင်းဆောင်များက ဇွန် ၂၃ ရက်မှ ၂၄ ရက်အထိ ဘရပ်ဆဲမြို့တွင် နှစ်ရက်ကြာပြုလုပ်သော ထိပ်သီးအစည်းအဝေး အစ၌ပင် ဥရောပကောင်စီ၏ ထောက်ခံချက်ကို အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံက ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရုရှားနိုင်ငံနှင့် ပဋိပက္ခစတင်ဖြစ်ပွားပြီးမကြာမီ အီးယူအဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံက ဖေဖော်ဝါရီ ၂၈ ရက်က အဖွဲ့ဝင်အဖြစ် လျှောက်ထားလွှာကို ပေးအပ်ခဲ့သည်။ မော်လ်ဒိုဗာနိုင်ငံကမူ မတ်လ ၃ ရက်တွင် အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဂျော်ဂျီယာနိုင်ငံကလည်း မော်လ်ဒိုဗာနိုင်ငံနှင့် တစ်နေ့တည်းတွင် အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့သော်လည်း ဂျော်ဂျီယာ၏ လျှောက်ထားမှုမှာ ထပ်မံပြုပြင်ပြောင်းလဲရန် လုပ်ဆောင်ရမည့် အဆင့်အား ပြန်လည်စစ်ဆေးရဦးမည်ဖြစ်ကြောင်း လွန်ခဲ့သောသီတင်းပတ်အစောပိုင်းက ဥရောပကော်မရှင်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်ကိုယ်စာလှယ်လောင်း နိုင်ငံများအနေဖြင့် ဥရောပသမဂ္ဂ၌ ပါဝင်နိုင်ရန် တရားမျှတမှု၊ အကျင့်ပျက်ခြစားမှုလုပ်ထုံးလုပ်နည်းများနှင့် ဥပဒေစိုးမိုးရေး နှင့် အခြားကိစ္စရပ်များအပါအဝင် ဝင်ရောက်ခွင့် အခြေအနေများနှင့် ကိုက်ညီရန် လိုအပ်ဦးမည်ဖြစ်ကြောင်း အီးယူ၏ သတ်မှတ်ချက်အရ သိရသည်။

အီးယူခေါင်းဆောင်များက “ဂျော်ဂျီယာ၏ ဥရောပအမြင်ကို အသိအမှတ်ပြုရန် ဆုံးဖြတ်ထားကြောင်း” ၊ ကောင်စီအနေဖြင့် “ဦးစားပေးအရာများ အောင်မြင်သွားခဲ့ပါက အဖွဲ့ဝင်ကိုယ်စားလှယ်လောင်း ပေးအပ်ရန် အဆင်သင့်ရှိကြောင်း” Michel က ဖြည့်စွက်ပြောကြားခဲ့သည်။

“အီးယူ-ဂျော်ဂျီယာ ဆက်ဆံရေးမှာ သမိုင်းဝင်အခိုက်အတန့်တစ်ခုအဖြစ် ဂျော်ဂျီယာရဲ့ အနာဂတ်က အီးယူအတွင်းမှာပဲ မူတည်နေပါတယ်” ဟု ၎င်းကပြောခဲ့သည်။

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက “ယူကရိန်း-အီးယူရဲ့ ထူးခြားလှတဲ့ သမိုင်းဝင် အခိုက်အတန့်” ဖြစ်စေသည့် ဆုံးဖြတ်ချက်ကို ချီးကျူးပြောကြားခဲ့ပြီး ပံ့ပိုးမှုပေးသည့်အတွက် အီးယူခေါင်းဆောင်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………
(English Version)

EU leaders grant Ukraine, Moldova EU candidate status

Source: Xinhua

Editor: huaxia

2022-06-24 04:32:15
BRUSSELS, June 23 (Xinhua) — European Union (EU) leaders have accepted Ukraine and Moldova as candidates for membership of the bloc, European Council President Charles Michel said on Thursday.

“Agreement. #EUCO has just decided EU candidate status to Ukraine and Moldova. A historic moment,” Michel announced on Twitter. EUCO is short for the European Council, which is currently being attended by EU leaders in Brussels.

The heads of state and government of the EU member states approved the European Commission’s recommendation at the start of their two-day summit in Brussels from Thursday to Friday.

Ukraine applied for EU membership shortly after the conflict with Russia began in the end of February.

The country handed its application on Feb. 28. Moldova applied for EU membership on March 3.
Georgia applied for the EU membership on the same day with Moldova, but the European Commission said earlier last week that Georgia’s application would be re-examined at a later stage when further reforms will have been made.

The EU candidate countries would need to meet accession conditions to be able to join the bloc, including on issues relating to justice, anti-corruption mechanisms and rule of law, among others, according to EU’s criteria.

Michel also said that the EU leaders had also “decided to recognize the European perspective of Georgia,” adding that the council was “ready to grant candidate status once the outstanding priorities are addressed.”

“A historic moment in EU-Georgia relations: Georgia’s future lies within the EU,” he wrote.

Ukrainian President Volodymyr Zelensky hailed the decision as “a unique and historical moment in Ukraine-EU,” as he thanked EU leaders for their support.
Photo 1 : European Commission President Ursula von der Leyen attends a press conference in Brussels, Belgium, June 17, 2022. (Xinhua/Zheng Huansong)
Photo 2 : European Council President Charles Michel (R) receives visiting Moldovan President Maia Sandu in Brussels, Belgium, Jan. 18, 2021. (European Union/Handout via Xinhua)■