Connect with us

Asia

တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှု အောင်မြင်စွာ ပြီးဆုံး

တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှုတွင် ပါဝင်သည့် တရုတ်တပ်ဖွဲ့ဝင်အား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှုသည် ဇွန် ၂၃ ရက်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ယခုအကြိမ် ပူးတွဲကင်းလှည့်မှုသည် Beibu ပင်လယ်ကွေ့ ရေပိုင်နက် တည်ငြိမ်လုံခြုံရန်နှင့် ကောင်းမွန်သောစည်းစနစ်ကို ထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆက်ဆံရေး မြှင့်တင်မှုအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှုတွင် ပါဝင်သည့် သင်္ဘောအုပ်စုအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှုတွင် ပါဝင်သည့် သင်္ဘောအုပ်စုအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှုတွင် ပါဝင်သည့် သင်္ဘောအုပ်စုအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှုတွင် ပါဝင်သည့် သင်္ဘောအုပ်စုအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ဇွန် ၂၂ ရက်တွင် တရုတ်-ဗီယက်နမ် ပူးတွဲကင်းလှည့်မှု သင်္ဘောအုပ်စုသည် အလျားလိုက်မျဉ်းပြိုင်ပုံစံဖြင့် တရုတ်-ဗီယက်နမ် ရေကြောင်းနယ်စပ်မျဉ်း Beibu ပင်လယ်ကွေ့တစ်လျှောက် ကင်းလှည့်မှုစတင်ခဲ့သည်။ ပူးတွဲကင်းလှည့်မှုအတွင်း နှစ်ဘက်သင်္ဘောအုပ်စုမှ ကင်းလှည့်ရေပြင်ရှိ မိုးလေဝသ၊ ပင်လယ်ပြင်နှင့် ဝေဟင်အခြေအနေ၊ သင်္ဘောအုပ်စု ဦးတည်ရာနှင့် အမြန်နှုန်းစသည့် အချက်အလက်များ မျှဝေခဲ့သည်။ ပူးတွဲကင်းလှည့်မှုအဖွဲ့၏ ကွပ်ကဲမှုလုပ်ငန်းစဉ် မြှင့်တင်ရန်၊ ရေကြောင်းပူးပေါင်းဆောင်ရွက်မှု အား‌ကောင်းစေရန် နှစ်ဘက်လုံးမှ ကွပ်ကဲမှုအပြန်အလှန်ဖလှယ်ခဲ့ကြောင်း သိရသည်။

ကင်းလှည့်မှု လုပ်ငန်းစဉ်အတွင်း တရုတ်နှင့် ဗီယက်နမ်တို့က ပူးတွဲရှာဖွေရေးလေ့ကျင့်မှု၊ သင်္ဘောအုပ်စု လှုပ်ရှားမှု၊ မီးအလင်းရောင်ဖြင့် အချက်ပြလေ့ကျင့်မှုစသည်တို့ကိုလည်း စီစဉ်လုပ်ဆောင်ခဲ့သည်။

တရုတ်-ဗီယက်နမ် ပူးတွဲကင်းလှည့်မှုသင်္ဘောအုပ်စုသည် ဇွန် ၂၃ ရက်တွင် ကင်းလှည့်မှု အဆုံးမှတ်သို့ ရောက်ရှိခဲ့ပြီး နှစ်ဘက်စလုံးမှ နှုတ်ဆက်စကားများပြောကြားခြင်း၊ အရာရှိနှင့် စစ်သည်များ တန်းစီ၍ လက်ပြနှုတ်ဆက်ခြင်းဖြင့် ကင်းလှည့်မှု ပြီးဆုံးခြင်းအခမ်းအနားကျင်းပကာ တရုတ်-ဗီယက်နမ် ၃၂ ကြိမ်မြောက် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှု အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

တရုတ်-ဗီယက်နမ် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်ခြင်းသည် တရုတ်နှင့်ဗီယက်နမ်စစ်တပ်များအကြား ချစ်ကြည်ရင်းနှီးသည့် ပုံမှန်ဆက်ဆံဖလှယ်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းသည် တရုတ်နှင့်ဗီယက်နမ်တို့ကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို ထွန်းကားစေခြင်း၊ နှစ်နိုင်ငံ ရေတပ်အကြား အပြန်အလှန် နားလည်မှု၊ နှစ်နိုင်ငံ အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်-ဗီယက်နမ် Beibu ပင်လယ်ကွေ့ပူးပေါင်းကင်းလှည့်မှု သဘောတူစာချုပ်ကို ၂၀၀၅ ခုနှစ်က လက်မှတ်ရေးထိုးပြီးချိန်မှစ၍ ကင်းလှည့်မှု ၃၂ ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………..
(Chinese Version)
中越北部湾第32次联合巡逻圆满结束
新华社北京6月23日电(张彬、李维)中越北部湾第32次联合巡逻23日圆满结束。这次联合巡逻为维护北部湾海域安全稳定和良好秩序、推动两军关系健康发展发挥了积极作用。
22日,中越双方联合巡逻舰艇编队组成双横队,沿北部湾中越海上分界线开始巡逻。联合巡逻期间,双方舰艇编队加强信息共享,互相通报巡逻海区水文气象、海空情况和编队航向航速等信息要素。为完善联合巡逻组织指挥程序、强化海上合作能力,双方相互转换指挥关系,交替指挥。
巡逻过程中,中越双方还组织进行联合搜救演练、编队运动演练、灯光信号演练等。
23日,中越联合巡逻舰艇编队抵达巡逻线终点,双方舰艇举行了分航仪式并互致欢送词,官兵分区列队,挥手致意送别。中越北部湾第32次联合巡逻至此圆满结束。
中越北部湾联合巡逻是中越两军例行性友好交流,旨在弘扬中越两国传统友谊、进一步推动两国海军相互了解、深化两国互信,自2005年中越签署《中越海军北部湾联合巡逻协议》后已开展了32次。(完)
图说1- 6月23日,参加中越北部湾第32次联合巡逻的中方舰艇官兵向越方挥手告别。新华社发(张彬 摄)
图说2- 参加中越北部湾第32次联合巡逻的中越舰艇编队航行(6月22日摄)。新华社发(张彬 摄)
图说3- 参加中越北部湾第32次联合巡逻的中越舰艇开展编队运动演练(6月22日摄)。新华社发(张彬 摄)
图说4- 6月23日,参加中越北部湾第32次联合巡逻的中越舰艇进行编队运动演练(视频截图)。新华社发
图说5- 参加中越北部湾第32次联合巡逻的中越舰艇编队航行(6月22日摄)。新华社发(张彬 摄)