Connect with us

Europe

ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် မန်ခရွန်အနိုင်ရဟု ကနဦးမဲရလဒ်များတွင် ဖော်ပြ

ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်ညပိုင်းတွင် အောင်ပွဲခံမှုပြုလုပ်နေသော ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မန်ခရွန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

လက်ရှိပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်သည် ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၁၈,၇၇၉,၆၄၁ မဲ သို့မဟုတ် ခိုင်လုံမဲအားလုံး၏ ၅၈ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ဧပြီ ၂၄ ရက်ညပိုင်းတွင် ထုတ်ပြန်သော ကနဦးမဲရလဒ်များအရ သိရသည်။မက်ခရွန်၏ အနီးကပ်ပြိုင်ဘက်ဖြစ်သူ လက်ယာစွန်းပါတီ ကိုယ်စားလှယ် မာရင်းလီပန် (Marine Le Pen) က ထောက်ခံမဲ ၁၃,၂၉၇,၇၆၀ မဲ သို့မဟုတ် ခိုင်လုံမဲ ၄၁ ဒသမ ၄၆ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အီမန်နျူရယ်မက်ခရွန်အနိုင်ရရှိပြီးနောက် သူ့အားထောက်ခံသူများက ဧပြီ ၂၄ ရက်ညပိုင်းတွင် အောင်ပွဲခံနေကြစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံသား ၄၈,၇၅၂,၅၀၀ ဦး ( ၄၉ သန်းနီးပါး) က မဲပေးရန် မှတ်ပုံတင်ထားကြသော်လည်း အမှန်တကယ်မဲပေးသူ ၃၅,၀၉၆,၃၉၁ ဦး ( ၃၅ သန်းကျော်) ကသာ မဲရုံများသို့ သွားရောက်မဲထည့်ခဲ့ကြကြောင်း နှင့် မဲပေးရန် ပျက်ကွက်မှုနှုန်းသည် ၂၈ ဒသမ ၀၁ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ပြင်သစ်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အီမန်နျူရယ်မက်ခရွန်အနိုင်ရရှိပြီးနောက် သူ့အားထောက်ခံသူများက ဧပြီ ၂၄ ရက်ညပိုင်းတွင် အောင်ပွဲခံနေကြစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံသမ္မတရွေးကောက်ပွဲ၏ တရားဝင် ရလဒ်များကို စိစစ်အတည်ပြုပြီးနောက်တွင် ပြင်သစ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်ညပိုင်းတွင် အောင်ပွဲခံမှုပြုလုပ်နေသော ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မန်ခရွန်အားတွေ့ရစဉ်(ဆင်ဟွာ)ne-

ပြီးခဲ့သော ၂၀၁၇ ခုနှစ် ပြင်သစ်သမ္မတရွေးကောက်ပွဲကလည်း မက်ခရွန် နှင့် လီပန် တို့နှစ်ဦးပင် ယှဉ်ပြိုင်ခဲ့ကြပြီး ထိုစဉ်က မက်ခရွန်သည် ထောက်ခံမဲ ၆၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိပြီး သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။(Xinhua)

#French, #president, #Macron, #xinhua, #xinhuamyanmar, #
#ပြင်သစ်,#သမ္မတ,#မက်ခရွန်,#ဆင်ဟွာ,#ဆင်ဟွာမြန်မာ
……………………………..
(English version)

Macron wins French presidential runoff: official preliminary results
PARIS, April 25 (Xinhua) — French incumbent President Emmanuel Macron won the 2022 French presidential runoff with 18,779,641 votes, or 58.54 percent of the valid votes, according to the preliminary results released Sunday night by the French Interior Ministry.
Macron’s rival, far-right wing candidate Marine Le Pen, gained 13,297,760 votes, or 41.46 percent.
The ministry said that some 48,752,500 citizens had registered to vote, but only 35,096,391 voters cast their ballots during the runoff, representing an abstention rate of 28.01 percent.
The final results of the presidential election will be announced by France’s Constitutional Council after verification.
In 2017, Macron and Le Pen also competed for the French presidency in a runoff, during which Macron was elected with 66.1 percent of the vote.
Photo- French incumbent President Emmanuel Macron attends a rally after the presidential runoff in Paris, France, on April 24, 2022. (Xinhua/Gao Jing)