Connect with us

Africa & Middle East

ကုလသမဂ္ဂသံတမန်က ဆူဒန်နိုင်ငံ West Darfur ပြည်နယ်၌ အရပ်သားများ သေဆုံးခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်

ဆူဒန်နိုင်ငံ ခါတွန်မြို့ရှိ လမ်းပေါ်တွင် ဆန္ဒပြနေကြသည့် ဆူဒန်နိုင်ငံသားများအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဆူဒန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဆူဒန်နိုင်ငံ West Darfur ပြည်နယ်အတွင်း အရပ်သားများ သေဆုံးခဲ့ရခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ လိုက်ကြောင်း ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂ အသွင်ကူးပြောင်းရေးဆိုင်ရာ စုပေါင်းအကူအညီပေးရေး ကုလသမဂ္ဂမစ်ရှင်(UNITAMS) ၏ ခေါင်းဆောင်လည်း ဖြစ်သူ Volker Perthes က အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရန် နှင့် ခြေခြေမြစ်မြစ်ရှိပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုအတွက် တောင်းဆိုကြောင်း UNITAMS ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အာဏာပိုင်များ နှင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားများအားလုံးကို အကာအကွယ်ပေးရန် ၎င်းတို့၏ နိုင်ငံတကာ တာဝန်ဝတ္ထရားများအပေါ် ကုလသမဂ္ဂက တိုက်တွန်း တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂသည် လိုအပ်သူများအား ကူညီပေးရန် အဆင်သင့်ရှိနေကြောင်း ဆူဒန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

West Darfur ပြည်နယ်အတွင်းရှိ Kirainik ဒေသ၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၁၆၈ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Darfur ဒေသရှိ စစ်ဘေးရှောင်များ နှင့် ဒုက္ခသည်များဆိုင်ရာ အထွေထွေညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။

လက်နက်ကိုင်ပြည်သူ့စစ်များသည် Kereneik ဒေသရှိ ရဲစခန်းများနှင့် အဆောက်အဦတစ်ချို့အား မီးရှို့ခဲ့ကြောင်းလည်း ယင်းအဖွဲ့က ပြောကြားခဲ့သည်။

ဧပြီ ၂၂ ရက်တွင် ကိုယ်ထိလက်ရောက်ရန်ပြုသူတစ်ဦးကြောင့် တိရစ္ဆာန်အုပ် ထိန်းကျောင်းသူနှစ်ဦးမှာ သေဆုံးသွားခဲ့ပြီးနောက် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ယင်းဒေသရှိ သေဆုံးသွားသူများ၏ မိသားစုဝင်များက လက်စားချေတိုက်ခိုက်မှုဆီ ဦးတည်သွားခဲ့ကြောင်း Darfur ရှေ့နေအသင်းထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ဆူဒန်နိုင်ငံအစိုးရ နှင့် တော်လှန်ရေး တပ်ပေါင်းစုလက်အောက်ရှိ လက်နက်ကိုင်လှုပ်ရှားမှုများသည် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ဒေသတွင်းရှိ အရပ်သားများအား ကာကွယ်ရန် စစ်သားများ တပ်ဖြန့်ချခြင်းအား စည်းကမ်းသတ်မှတ်ခဲ့သည်။ သို့သော်လည်း သဘောတူညီချက်ပါ အကြောင်းအရာအား အကောင်အထည်မဖော်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————-
(English Version)
UN envoy deplores killings of civilians in Sudan’s West Darfur State
KHARTOUM, April 24 (Xinhua) — The UN secretary-general’s special representative for Sudan on Sunday deplored the killings of civilians in Sudan’s West Darfur State.
Volker Perthes, also head of the UN Integrated Transition Assistance Mission in Sudan (UNITAMS), called for “an immediate end to the violence and an in-depth and transparent investigation,” according to a statement by UNITAMS.
“The UN reminds the authorities and armed groups of their international legal obligation to protect all civilians,” the statement said.
Perthes said that the UN in Sudan stands ready to provide aid to those in need.
At least 168 people were killed and 98 others got injured as a result of recent clashes in Kirainik area in West Darfur State, the General Coordination for Displaced Persons and Refugees in Darfur, a voluntary body, said in a statement on Sunday.
Militias also burned some buildings and police stations in Kereneik, the body said.
The clashes reportedly erupted after two herdsmen were killed on Friday by an unknown assailant, leading to a revenge attack by the victims’ families on the area, according to the Darfur Bar Association.
The armed movements under the Revolutionary Front Alliance signed a peace agreement with the Sudanese government in October 2020, stipulating deployment of soldiers to protect civilians in the region. However, the item in the agreement has not been implemented. ■
Photo – Sudanese citizens demonstrate on the street in Khartoum, Sudan, Dec. 30, 2021. (Xinhua/Mohamed Khidir)