Connect with us

Eastern Europe

အရပ်သားများ ရွှေ့ပြောင်းရေးအတွက် Azovstal စက်ရုံအနီး အပစ်အခတ်ရပ်စဲကြောင်း ရုရှား ကြေညာ

ယူကရိန်းနိုင်ငံ Irpin မြို့ရှိ စစ်ကားတစ်စီးအနီး ဖြတ်လျှောက်သွားသောပြည်သူများအား မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အရပ်သားများ ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ရေးအတွက် မာရီယာပိုးလ်မြို့ရှိ Azovstal စက်ရုံအနီး အပစ်အခတ်ရပ်စဲကြောင်း ဧပြီ ၂၅ ရက်က ကြေညာခဲ့သည်။ရုရှားနိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) ဖွဲ့စည်းတည်ထောင်မှု လုပ်ငန်းစဉ်များက အထူးအမျိုးအစားခွဲခြားထားသော အရပ်သားများ (အလုပ်သမားများ၊ အမျိုးသမီးများနှင့် ကလေးများ) ဘေးလွတ်ရာသို့ရွှေ့ပြောင်းနိုင်ရန် “ဧပြီ ၂၅ ရက် မော်စကိုစံတော်ချိန် ၁၄:၀၀ နာရီမှစ၍ စစ်တိုက်ခြင်းများအားလုံးကို တစ်ဖက်သတ် ရပ်စဲထားမည်” ဖြစ်ကြောင်း ဝန်ကြီးဌာက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အရပ်သားများအနေဖြင့် “၎င်းတို့ရွေးချယ်လိုသော မည်သည့်လမ်းကြောင်း၌မဆို” သွားရောက်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် “ရှင်းလင်းသော လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းစည်းကမ်းများ” ဖြင့် လမ်းညွှန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
…………………………………………

(English Version)

Russia announces ceasefire near Azovstal plant to ensure civilian evacuation

MOSCOW, April 25 (Xinhua) — Russia’s Defense Ministry on Monday announced a ceasefire near the Azovstal plant in Mariupol for the safe evacuation of civilians.

Russia’s armed forces and the formations of the Donetsk People’s Republic “from 14:00 Moscow time (1100 GMT) on April 25 will unilaterally cease all hostilities” to ensure the safe evacuation of the specified category of civilians (workers, women and children), the ministry said in a statement.

It said the civilians will be taken “in any direction they choose.”
The decision was guided by “purely humanitarian principles,” the ministry added. ■
Photo : People walk past a military vehicle in Irpin, Ukraine, March 4, 2022. (Photo by Diego Herrera/Xinhua)