Asia
ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း၌ ခရီးသွားလှေပျောက်ဆုံးမှုဖြစ်ပွားပြီးနောက် ၁၀ ဦး သေဆုံးကြောင်း အတည်ပြု
တိုကျို ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်း အရှေ့ဘက်၌ လှေဝန်ထမ်း နှင့် ခရီးသည် စုစုပေါင်း ၂၆ ဦး လိုက်ပါသွားသည့် ခရီးသွားလှေတစ်စီးသည် ဧပြီ ၂၃ ရက်တွင် ပျောက်ဆုံးမှု ဖြစ်ပွားပြီးနောက် ဧပြီ ၂၄ ရက်တွင် လူ ၁၀ ဦးမှာ သေဆုံးသွားကြောင်း ဂျပန်ကမ်းခြေစောင့်တပ်(JCG)က အတည်ပြုပြောကြားခဲ့သည်။Kazu I အမည်ရှိ လှေတစ်စီးသည် ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် ရှုခင်းသာ ရှာရီတိုကိုကျွန်းဆွယ်အနှံ့ ရှုခင်းများအား လှည့်ပတ်ကြည့်ရှုနေစဉ်အတွင်း ဟော့ကိုင်းဒိုးကျွန်းအရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်သို့ ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း JCG ထံမှ သိရသည်။
လှေဝန်ထမ်း ၂ ဦးနှင့်အတူ လှေပေါ်တွင် ခရီးသည် ၂၄ ဦး လိုက်ပါလာခဲ့ကြောင်း JCG က ပြောကြားခဲ့ပြီး ယင်းခရီးသည်များတွင် ကလေးငယ် နှစ်ဦး ပါဝင်သည်ဟု ဆိုသည်။
သေဆုံးသွားသူများတွင် အမျိုးသား ၇ ဦး နှင့် အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း JCG က ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်က ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် သတင်းပေးပို့ချက် ရရှိခဲ့ပြီး ကင်းလှည့်လှေသင်္ဘောများသည် ကယ်ဆယ်ရေးပြုလုပ်ရန် ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲဝန်းကျင်တွင် အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ယင်းနေရာတစ်ဝိုက် ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းတွင် လှိုင်းကြီးခြင်း နှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ငါးဖမ်းလှေသင်္ဘောများသည် ဆိုးရွားသည့်ရာသီဥတုကြောင့် မွန်းလွဲပိုင်းမတိုင်မီ ဆိပ်ကမ်းသို့ ပြန်လှည့်လာခဲ့ကြောင်း ဒေသတွင်း ငါးလုပ်ငန်းအသင်းအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
တိုကျိုမြို့ရှိ မြေယာ ၊ အခြေခံအဆောက်အအုံ ၊ သယ်ယူပို့ဆောင်ရေး နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဟော့ကိုင်းဒိုးမတော်တဆဖြစ်စဉ်နှင့်ပတ်သက်၍ လုပ်ငန်းအဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက အသက်ကယ်ဆယ်ရေးအတွက် အစွမ်းရှိသမျှ အားလုံးလုပ်ဆောင်ကြရန် ၎င်း၏ အစိုးရအဖွဲ့ဝင်များအား ညွှန်ကြားခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ်နှင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တို့က စေလွှတ်ခဲ့သည့် လေယာဉ် နှင့် ရေယာဉ်များသည် လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးကြိုးပမ်းမှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)
————————-
(English Version)
10 confirmed dead after tourist boat goes missing off Japan’s Hokkaido
TOKYO, April 24 (Xinhua) — Ten people were confirmed dead Sunday after a tourist boat with a total of 26 passengers and crew aboard went missing off eastern Hokkaido in north Japan on Saturday, the Japan Coast Guard (JCG) said.
The boat called Kazu I reported it took in water off eastern Hokkaido while sightseeing around the scenic Shiretoko Peninsula on Saturday afternoon, and then it went missing, according to the JCG.
Twenty-four passengers were aboard the boat along with two crew members, according to the JCG, and the passengers included two children.
The deceased included seven men and three women, it added.
The coast guard said it received the report around 1:15 p.m. local time Saturday and patrol boats were headed to the site around 5:30 p.m. local time Saturday to conduct a rescue.
High waves and strong winds were observed in the area around noon on Saturday, and fishing boats returned to port before noon because of the bad weather, according to local fisheries cooperative.
In Tokyo, the Ministry of Land, Infrastructure, Transport and Tourism set up a task force on the Hokkaido accident.
Japanese Prime Minister Fumio Kishida instructed his cabinet members to “do everything in their power to save lives,” a government official said.
Aircraft and vessels dispatched by the coast guard and the Self-Defense Forces are currently continuing with rescue efforts. ■
Photo – A rescue team is conducting offshore operation to search for missing people after a massive mudslide in Atami city in Shizuoka prefecture, Japan on July 4, 2021. (Xinhua/Hua Yi)