Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး Padma တံတားကြီးကို ဇွန် ၂၅ ရက်တွင် ဖွင့်လှစ်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ဆင်ခြေဖုံး Munshiganjရှိ တည်ဆောက်နေဆဲ Padma ဘက်စုံသုံး တံတားစီမံကိန်းအား ၂၀၂၁ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ၊ မေ ၂၅ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး Padma တံတားကြီးကို ဇွန် ၂၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကုန်းလမ်းပို့ဆောင်ရေးနှင့်လမ်းတံတားရေးရာ ဝန်ကြီး Obaidul Quaderက မေ ၂၄ ရက် (အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။
Obaidul Quaderသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနှင့် အင်္ဂါနေ့က ဒါကာတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဝန်ကြီးချုပ် Sheikh Hasinaက ဇွန် ၂၅ ရက်တွင် ကြီးကျယ်ခမ်းနားတဲ့ တံတားဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ် ”ဟု ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ ဆင်ခြေဖုံး Munshiganjရှိ Padma ဘက်စုံသုံးတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ၂၀၂၁ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တံတားဖြတ်သန်းခနှုန်းထားများကို ဘင်္ဂလားဒေ့ရှ်အစိုးရက သတ်မှတ်ပြီးဖြစ်ရာ ဖြတ်သန်းခနှုန်းထားများမှာ တာကာငွေ ၁၀၀ မှ ၆,၀၀၀ အထိ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အကြီးစား အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ပင်မတံတား၏ ခန်းဖွင့်အကျယ်သည် ၆.၁၅ ကီလိုမီတာရှိပြီး China Railway Major Bridge Engineering Group Co, Ltd (MBEC)မှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ဘင်္ဂလားဒေ့ရှ်သမိုင်း၌ အကြီးဆုံးနှင့်စိန်ခေါ်မှုအရှိဆုံးသော အခြေခံအဆောက်အအုံစီမံကိန်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းဧရိယာကို ချိတ်ဆက်ရန် Padma မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော ယင်းတံတားကြီးသည် အာရှရထားလမ်းကွန်ရက်၏ အဓိကအစိတ်အပိုင်း တစ်ခု ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasinaသည် ၂၀၁၅ ခုနှစ်က တံတား၏အဓိကအစိတ်အပိုင်းတည်ဆောက်ရေးလုပ်ငန်းခွင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။Padma ဘက်စုံသုံး တံတားကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ အနောက်တောင်ပိုင်း ၄၀ ကီလိုမီတာအကွာခန့်တွင် တည်ရှိသည်။ (Xinhua)

——————————
(English Version)
Bangladesh’s largest Padma Bridge to open to traffic on June 25
2022-05-25 14:12:59 分类: 社会
Aerial photo taken on Aug. 21, 2021 shows a view of Padma Multipurpose Bridge Project under construction in Munshiganj on the outskirts of Dhaka, Bangladesh. (Photo by Xinhua)
The Bangladeshi government has fixed toll rates of the bridge, which is to open to traffic next month.
DHAKA, May 25 (Xinhua) — Bangladesh’s largest Padma bridge will open to traffic on June 25, Road Transport and Bridges Minister Obaidul Quader said Tuesday.
The minister made the announcement after meeting Prime Minister Sheikh Hasina in Dhaka on Tuesday.
“Our Prime Minister Sheikh Hasina will inaugurate the bridge on June 25 morning in a grand ceremony,” he said.
The Bangladeshi government has already fixed the toll rates of the bridge.
According to a gazette notification, toll rates will range from 100 takas to over 6,000 takas.
Photo taken on Aug. 24, 2021 shows a construction site of Padma Multipurpose Bridge Project in Munshiganj on the outskirts of Dhaka, Bangladesh. (Photo by Xinhua)
The huge infrastructure project, with the main bridge spanning 6.15 km in length, is undertaken by China Railway Major Bridge Engineering Group Co, Ltd (MBEC). It is the largest and most challenging infrastructure project in Bangladesh’s history.
The bridge standing across the Padma River to link the northeastern and southwestern areas of Bangladesh is also a key part of an anticipated trans-Asian railway network.
Bangladeshi Prime Minister Sheikh Hasina inaugurated the main construction work of the bridge in 2015.
The Padma multipurpose bridge is located about 40 km southwest of Bangladesh’s capital Dhaka.■