Connect with us

Economy

တရုတ်နိုင်ငံ၏ လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု ပထမလေးလအတွင်း မြင့်တက်

တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများ (ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမလေးလအတွင်း ဆက်လက်တိုးတက်လာသည်ကို တွေ့မြင်ရကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။လမ်း နှင့် ရေကြောင်း အခြေခံအဆောက်အအုံကဏ္ဍ၌ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် လေးလအတွင်း ယွမ် ၇၂၉ ဒသမ ၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၅၁ ဘီလီယံခန့်)အထိ နှစ်အလိုက် ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်အတွင်း Guiyang-Huangping အမြန်လမ်းပေါ်ရှိ Yangbaoshan တံတားကြီးအား မတ် ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်း New Chuxiong-Dali အမြန်လမ်းအား မတ် ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်း Beijiang ဆိပ်ကမ်းဧရိယာ၌ ကုန်သေတ္တာတင်သင်္ဘောများအား ဧပြီ ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆိပ်ကမ်း Beijiang ဆိပ်ကမ်းဧရိယာ၌ ကုန်သေတ္တာတင်သင်္ဘောများအား ဧပြီ ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

 

ကိန်းဂဏန်းဖြင့် အသေးစိတ် ခွဲခြမ်းစိတ်ဖြာချက်အရ နိုင်ငံ၏ လမ်းဖောက်လုပ်ရာတွင် ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် နှစ်အလိုက် ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရေကြောင်းအခြေခံအဆောက်အအုံအတွက် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)

China’s investment in road, waterway infrastructure up in first four months
BEIJING, May 25 (Xinhua) — China’s investment in road and waterway infrastructure saw steady expansion in the first four months of the year, data from the Ministry of Transport shows.
Fixed-asset investment in road and waterway infrastructure rose 7.3 percent year on year to 729.5 billion yuan (about 107.51 billion U.S. dollars) during the period, according to the ministry.
In breakdown, the country’s fixed-asset investment in road construction climbed 7.7 percent year on year, while that for waterway infrastructure edged up 0.8 percent from the same period last year.
Photo 1 – China’s infrastructure
Photo 2 – Aerial photo taken on March 28, 2022 shows the Yangbaoshan grand bridge along Guiyang-Huangping Highway in southwest China’s Guizhou Province. (Xinhua/Yang Wenbin)
Photo 3 – Aerial photo taken on March 29, 2022 shows a view of the New Chuxiong-Dali Expressway in southwest China’s Yunnan Province. (Xinhua/Jiang Wenyao)
Photo 4 – Aerial photo taken on April 9, 2022 shows a container ship by the Beijiang Port Area of Tianjin Port in north China’s Tianjin. (Xinhua/Zhao Zishuo)
Photo 5 – Aerial photo taken on March 7, 2022 shows containers at Lianyungang Port in east China’s Jiangsu Province. (Photo by Wang Jianmin/Xinhua)■