Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ရေကြီးရေလျှံမှုကြောင့် တရုတ်နိုင်ငံ၏ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူပေါင်း ၃.၇၅ သန်းကျော်ကို သက်ရောက်မှုရှိခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို ဇွန် ၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးရေလျှံမှုများသည် ဒေသခံ ပြည်သူ ၃ ဒသမ ၇၅ သန်းကျော်ကို သက်ရောက်မှုရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စနေနေ့တွင်ပြောကြားခဲ့သည်။ကွမ်ရှီး(ကျွမ့်) ဒေသသည် ယခုနှစ်မိုးရာသီကာလအတွင်း ပျမ်းမျှမိုးရေချိန် စံချိန်တင်ပမာဏ ၄၉၀ ဒသမ ၈ မီတာရှိသော မိုးသည်းထန်စွာရွာသွန်းမှုပေါင်း ၆ ကြိမ်အထိ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လွန်ခဲ့သောနှစ်များအတွင်း ယင်းကာလတူတွင် ရွာသွန်းခဲ့သော မိုးရေချိန်ပမာဏထက် ၁ ဒသမ ၆ ဆအထိ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးဒဏ်များဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် မြစ်ရေလျှံခြင်းတို့ကြောင့် လူနေအိမ်အလုံးပေါင်း ၃,၄၃၆ လုံး နှင့် စိုက်ပျိုးမြေ ၁၅၉,၃၀၀ ဟက်တာ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသဆိုင်ရာရေကြီးရေလျှံမှုထိန်းချုပ်ရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်တစ်စောင်အရ သိရသည်။

အဆိုပါရေဘေးကြောင့် တိုက်ရိုက်စီးပွားရေးထိခိုက်ဆုံးရှုံးနစ်နာမှုပမာဏသည် တရုတ်ယွမ် ၁၂ ဒသမ ၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံ) အထိရှိခဲ့သည်။

ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မိုးပိုမိုများပြားလာခြင်း နှင့် တိုက်ဖွန်းမုန်တိုင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဒေသဆိုင်ရာ ရေကြီးရေလျှံမှုထိန်းချုပ်ရေး နှင့် မိုးခေါင်မှုကယ်ဆယ်ရေး ရုံးချုပ်များမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။(Xinhua)

Keyword – #China, #flooding, #Guangxi, #xinhua, #xinhuamyanmar, #
——————————
(English Version)
တရုတ်,ရေကြီး,ကွမ်ရှီး(ကျွမ့်),ဆင်ဟွာ,ဆင်ဟွာမြန်မာ

Heavy rains, flooding affect over 3.75 mln in China’s Guangxi
NANNING, June 25 (Xinhua) — More than 3.75 million residents have been affected by heavy downpours and flooding in south China’s Guangxi Zhuang Autonomous Region, local authorities said on Saturday.
Guangxi has experienced six incidences of heavy rainfall during this year’s flood season, with average rainfall recorded at 490.8 millimeters — 1.6 times that recorded in the same period during previous years.
The downpours and rain-induced disasters such as floods have toppled 3,436 houses and damaged 159,300 hectares of crops, according to a press release on the region’s flood control and relief work.
Direct economic losses have already surpassed 12.48 billion yuan (about 1.86 billion U.S. dollars).
More heavy rains and typhoons are forecast to hit Guangxi, according to an official from the region’s flood control and drought relief headquarters.

Photo – Aerial photo taken on June 4, 2022 shows a view of the Rongjiang River after heavy rainfall in Rongshui Miao Autonomous County, south China’s Guangxi Zhuang Autonomous Region. (Xinhua/Huang Xiaobang