Connect with us

China

CIIE က တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော တံခါးဖွင့်ဝါဒကို ပိုမိုမြှင့်တင်ပေးသလို အပြန်အလှန်အကျိုးကျေးဇူးရှိမှုကိုလည်း အထောက်အကူပြုပေး

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သို့ လာရောက်လေ့လာသူများအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် နှစ်ပတ်လည် စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲတစ်ခု အနေဖြင့်သာမက တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခြင်း၊ တံခါးဖွင့်ဝါဒ ပိုမိုကျယ်ပြန့်စေခြင်းနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှုများနှင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှုများကိုလည်းပဲ အထောက်အကူပြုလျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

CIIE သည် ပြည်တွင်း၊ ပြည်ပ ချိတ်ဆက်မှုများအတွက် ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းတစ်ခု တည်ဆောက်ရေးအတွက် ပြတင်းပေါက်အဖြစ် အပြည့်အဝပါဝင်လျက်ရှိကြောင်းနှင့် ပြပွဲပြသသူများအနေဖြင့်လည်း ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာထုတ်ကုန်များ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ဆောင်မှုများအား ပွဲထုတ်ပြရန် နေရာတစ်ခုဖြစ်လာခဲ့ကြောင်း ဒုတိယ စီးပွားရေးဝန်ကြီး Sheng Qiuping က စာတမ်းဖတ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

စီးပွားရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပခဲ့သော သွင်းကုန်ပြပွဲလေးကြိမ်တွင် ထုတ်ကုန်၊ နည်းပညာနှင့် ဝန်ဆောင်မှု အသစ် ၁,၅၀၀ ကျော် မိတ်ဆက်ပြသခဲ့သည်။

ပဉ္စမအကြိမ်မြောက် CIIE ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)

CIIE a boost for China’s wider opening-up, mutual benefits: experts
BEIJING, Aug. 26 (Xinhua) — The China International Import Expo (CIIE) is not only an annual economic and trade fair, but also an event that boosts China’s high-quality economic development, promotes wider opening-up and helps achieve mutual benefits and win-win results, according to experts.
The CIIE has given full play to its role as a window for building a cooperation platform for those engaged both at home and abroad, and has become a place for exhibitors to debut their new global products, cutting-edge technologies and innovative services, said Vice Minister of Commerce Sheng Qiuping, at the symposium.
According to Ministry of Commerce statistics, from 2018 to 2021, exhibitors at the four import expos launched more than 1,500 new products, technologies and services.
The fifth CIIE will take place in Shanghai from Nov. 5 to 10. xhtxs.cn/y4a
Photo : People visit the 4th China International Import Expo (CIIE) in east China’s Shanghai, Nov. 5, 2021. (Xinhua/Li Xiang)