Connect with us

Science & Technology

တရုတ်နိုင်ငံက ၃၉ ကြိမ်မြောက် အန္တာတိက လေ့လာရေးခရီးစဉ် စတင်

တရုတ် သုတေသန ရေခဲခွဲသင်္ဘော နှင်းနဂါး-၂ (Xuelong2)သည် ၃၉ ကြိမ်မြောက် အန္တာတိက လေ့လာရေးခရီးစဉ်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့မှ အောက်တိုဘာ ၂၆ ရက်တွင် ထွက်ခွာစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

၃၉ ကြိမ်မြောက် အန္တာတိကလေ့လာရေးခရီးစဉ်ကို စတင်ရန် တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွဲ သင်္ဘော နှင်းနဂါး-၂ (Xuelong2)သည် ရှန်ဟိုင်းမြို့မှ အောက်တိုဘာ ၂၆ ရက်တွင် စတင် ထွက်ခွာခဲ့သည်။
သုတေသီ ၂၅၅ ဦး သည် တောင်ဝင်ရိုးစွန်းတွင် လေထုပေါင်းစပ်ဖွဲ့စည်းပုံ၊ ရေပတ်ဝန်းကျင်၊ အနည်ကျ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် စသည့်ကဏ္ဍများကို နှစ်သုတ်ခွဲ၍ သွားရောက်လေ့လာမည်ဖြစ်ရာ ဒုတိယအသုတ်က အောက်တိုဘာ ၃၁ ရက်တွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။လေ့လာရေးအဖွဲ့သည် လာမည့်နှစ် ဧပြီလဆန်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

၃၉ ကြိမ်မြောက် အန္တာတိကလေ့လာရေးခရီးစဉ်အတွက် တရုတ် သုတေသန ရေခဲခွဲသင်္ဘော နှင်းနဂါး-၂ (Xuelong2) ရှန်ဟိုင်းမြို့မှ ထွက်ခွာစဉ် တရုတ်သုတေသီများက လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်ကို အောက်တိုဘာ ၂၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် သုတေသန ရေခဲခွဲသင်္ဘော နှင်းနဂါး-၂ (Xuelong2) သည် ၃၉ ကြိမ်မြောက် အန္တာတိကလေ့လာရေးခရီးစဉ်အတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့မှ အောက်တိုဘာ ၂၆ ရက်တွင် ထွက်ခွာစဉ် (ဆင်ဟွာ)

ရေခဲခွဲသင်္ဘော နှင်းနဂါး-၂ (Xuelong2)သည် စုစုပေါင်းအရှည် ၁၂၂ မီတာ၊ အကျယ် ၂၂ မီတာ၊ သင်္ဘောဝမ်းပမာဏနှင့် ညီမျှသော ရေထုအလေးချိန်(displacement) တန်ပေါင်း ၁၄,၀၀၀ ရှိပြီး ရေမိုင် ၂၀,၀၀၀ ခံနိုင်ရည်အားရှိသည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြည်တွင်းဖြစ်ထုတ်လုပ်သော ဝင်ရိုးစွန်းလေ့လာရေး ရေခဲခွဲ သင်္ဘောဖြစ်သည်။ (Xinhua)

——————————
China’s research icebreaker Xuelong 2, or Snow Dragon 2, set off from Shanghai on Oct. 26, marking the start of the country’s 39th Antarctic expedition.
A total of 255 researchers will carry out investigations in the fields of atmospheric composition, water environment, sedimentary environment and ecosystem at the South Pole, and will arrive in two batches, with the second batch setting out on Oct. 31, 2022.
The expedition team is expected to return to China in early April next year.
With a total length of about 122 meters, a width of about 22 meters, a designed displacement of nearly 14,000 tonnes and an endurance of 20,000 nautical miles, Xuelong 2 is China’s first domestically built icebreaker for polar research.
Polar Research Institute of China/Handout via Xinhua #Xuelong2 #icebreaker #Antarcticexpedition #southpole
(Xinhua)
1. China’s research icebreaker Xuelong 2, or Snow Dragon 2, sets off for the country’s 39th Antarctic expedition from Shanghai, east China, Oct. 26, 2022. (Polar Research Institute of China/Handout via Xinhua)
2. Chinese researchers wave goodbye as the research icebreaker Xuelong 2, or Snow Dragon 2, sets off for the country’s 39th Antarctic expedition from Shanghai, east China, Oct. 26, 2022. (Polar Research Institute of China/Handout via Xinhua)
3. China’s research icebreaker Xuelong 2, or Snow Dragon 2, sets off for the country’s 39th Antarctic expedition from Shanghai, east China, Oct. 26, 2022. (Polar Research Institute of China/Handout via Xinhua)■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.