Connect with us

Media

တရုတ်နိုင်ငံ၏ အာကာသစခန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူး Mengtian လွှတ်တင်ရန် အသင့်ဖြစ်

ဝန်ချန်း ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသစခန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူး Mengtian နှင့် ၎င်း၏ သယ်ဆောင်ရေးဒုံးပျံ Long March-5B Y4 တို့အား လွှတ်တင်သည့်နေရာသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းလက်တွေ့စမ်းသပ်ခန်းမော်ဂျူးအား မကြာမီကာလအတွင်း သင့်လျော်သောအချိန်တွင် ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်သွားမည် ဖြစ်သည်။ ထိုသို့လွှတ်တင်ခြင်းမပြုမီ စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်မှုများအား စစ်ဆေးခြင်း နှင့် ပူးတွဲစမ်းသပ်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်းအာကာသယာဉ်လွှတ်တင်သည့်နေရာရှိ ပံ့ပိုးမှုအင်္ဂါရပ်များ နှင့် ပစ္စည်းကိရိယာများမှာ ကောင်းမွန်သည့် အခြေအနေတွင် ရှိကြောင်း နှင့် အဖွဲ့တွင် ပါဝင်သည့် ဌာနအားလုံးသည် အပြီးသတ်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

Mengtian မော်ဂျူးသည် တရုတ်နိုင်ငံတည်ဆောက်ဆဲအာကာသစခန်း၏ ဒုတိယလက်တွေ့စမ်းသပ်ခန်းအစိတ်အပိုင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………

(English Version)

China’s space station lab module Mengtian ready for launch
The China Manned Space Agency said Tuesday that the combination of China’s space station lab module Mengtian and its carrier rocket Long March-5B Y4 has been transported to the launch area.
The lab module will be sent into orbit at an appropriate time in the near future. Prior to the launch, function checks and joint tests will be carried out as planned.
The agency said that the facilities and equipment at the Wenchang Spacecraft Launch Site in the southern province of Hainan are in good condition, and all departments involved in the mission are undergoing final preparations.
The Mengtian module is the second lab component of China’s under-construction space station.
Xinhua News Agency correspondents reporting from Wenchang, China.
(XHTV)