Connect with us

Africa & Middle East

စားသောက်ဆိုင်တွင် ဆယ်ကျော်သက်၂၂ ဦး သေဆုံးခဲ့ခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း တောင်အာဖရိကသမ္မတ ပြောကြား

တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ ၌ ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်တွင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားနေသော သမ္မတ Cyril Ramaphosa အားတွေ့ရစဉ်(ဆင်ဟွာ)

ကိပ်တောင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံသမ္မတ Cyril Ramaphosa က ကိပ်ပြည်နယ်အရှေ့ပိုင်း ၊ အရှေ့လန်ဒန်မြို့၌ ဇွန် ၂၆ ရက် နံနက်အစောပိုင်းတွင် စားသောက်ဆိုင် သို့မဟုတ် ပျော်ပွဲစားရုံ တစ်ခု၌ ဆယ်ကျော်သက်အရွယ် လူငယ် ၂၂ ဦး သေဆုံးခဲ့ရခြင်းအတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်းကို ယင်းနေ့ ညနေပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။သမ္မတ Ramaphosa က ” အဲဒီလိုနေရာမျိုးမှာ အသက် ၁၈ နှစ်အောက် လူငယ်လူရွယ်တွေကို ဝင်ရောက်ပျော်ပါးခွင့် ကန့်သတ်ပိတ်ဆို့ထားသင့်တယ်ဆိုတဲ့ အစီရင်ခံတင်ပြထားတဲ့ အခြေအနေအရပ်ရပ်အပေါ် အမှန်တကယ်စိုးရိမ်ပူပန်မိပါတယ် ” ဟု သမ္မတရုံးက ထုတ်ပြန်သောကြေညာချက်တစ်စောင်တွင်ထည့်သွင်းဖော်ပြထားသည်။

ယင်းဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်ဆိုးသည် တောင်အာဖရိက၏ လူငယ်လူရွယ်လ “Youth Month” ကာလအတွင်း ဖြစ်ပွားခဲ့ခြင်းအတွက် ပို၍ ပင် ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် Ramaphosa က ဆိုသည်။
တောင်အာဖရိက ရဲတပ်ဖွဲ့က အခင်းဖြစ်ကိစ္စရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း သိရသည်။

သမ္မတရုံး၏ ကြေညာချက်တွင်လည်း ယင်းသေဆုံးမှုနှင့်ပတ်သက်သည့် အကြောင်းအချင်းအရာကို ထည့်သွင်းဖော်ပြထားခြင်းမရှိဘဲ ဖြစ်စဉ်နှင့်ပတ်သက်သော အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် သမ္မတက စောင့်ဆိုင်းလျက်ရှိကြောင်းသာ ရေးသားဖော်ပြထားသည်။

အရှေ့လန်ဒန်မြို့အပါအဝင်ဖြစ်သည့် ဘတ်ဖလိုမြို့တော်မြူနီစီပယ်ဌာနက မတော်တဆမှုအတွင်း လူငယ်ပေါင်း ၂၀ ကျော်သေဆုံးသွားခဲ့ကြောင်း ဇွန် ၂၆ ရက် အစောပိုင်းတွင်ပြောကြားခဲ့သည်။ “ ကျွန်တော်တို့မြို့တော်မှာ ဖြစ်ပျက်ခဲ့သမျှတွေထဲက အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုပါပဲ” ဟု မြို့တော်ဝန် Xola Pakati က ကြေညာချက်တွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က မည်သည့်ထင်မြင်ယူဆချက်မျှပေးထားခြင်းမရှိကြောင်း ၊ သို့သော်လည်း ၎င်းတို့အနေဖြင့် “ နေ့မကူးခင်” အချက်အလက်များကို ရှာဖွေဖော်ထုတ်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။

ရဲဝန်ကြီး Bheki Cele က ဦးဆောင်ကာ တောင်အာဖရိကရဲတပ်ဖွဲ့ အမျိုးသားကော်မရှင်နာမင်းကြီး Fannie Masemola ၊ ရာဇဝတ်မှုခင်းကျွမ်းကျင်ပညာရှင်များ နှင့် ဗုံးစနက်တံဖြုတ်သိမ်းကျွမ်းကျင်ပညာရှင်များပါဝင်သော နိုင်ငံတော်အဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ခုသည် အခင်းဖြစ်နေရာသို့သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။(Xinhua)
—————————–
(English Version)

South African president mourns for 22 teenagers dead in tavern
CAPE TOWN, June 26 (Xinhua) — South African President Cyril Ramaphosa on Sunday afternoon mourned for the death of “22 teenagers” at a tavern, or pub, in East London, Eastern Cape Province, in the early hours of this morning.
Ramaphosa is “concerned about the reported circumstances under which such young people were gathered at a venue which, on the face of it, should be off limits to persons under the age of 18,” said a statement issued by the presidency.
The tragedy is made more grave as it occured during Youth Month, Ramaphosa said in the statement.
South African police are still investigating the case and the cause is unclear. The presidency statement didn’t gave the cause of the incident, saying the president is waiting for more information.
Buffalo City Metropolitan Municipality, which includes East London, early on said over 20 young people died in the incident. It is the “worst tragedy that has ever happened in our Metro,” its mayor Xola Pakati said in a statement.
The police had refused to make any speculations about the cause, but said they are hoping to get the facts “before the end of the day.”
Minister of Police Bheki Cele led a national delegation to the scene, which consists of National Commissioner of South African police Fannie Masemola, crime scene experts and bomb disposal technicians.

Photo – This file photo shows South African President Cyril Ramaphosa speaks during a televised speech in Pretoria, South Africa, April 9, 2020. (Xinhua)