Connect with us

Science & Technology

တရုတ်နိုင်ငံက မေလတွင် 5G ဖုန်း ၁၇ ဒသမ ၇၄ သန်း တင်ပို့

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အားကစားပန်းခြံတစ်ခု၌ AI ခွဲခြမ်းစိတ်ဖြာမှုအတွက် ဖုန်းဖြင့် မှတ်တမ်းတင်ထားသည့် မြင်ကွင်းတစ်ခုအား ၂၀၂၁ ခုနှစ် မေ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှိ 5G ဖုန်း တင်ပို့မှုများသည် ယခုနှစ် မေလတွင် အလုံးရေ ၁၇ ဒသမ ၇၄ သန်းအထိ ရှိပြီး နှစ်အလိုက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာအကယ်ဒမီ(CAICT)၏ အချက်အလက်များတွင် ဖော်ပြထားသည်။ယင်းပမာဏသည် မေလအတွင်း နိုင်ငံ၏ စုစုပေါင်း မိုဘိုင်းလ်ဖုန်းတင်ပို့မှုများ၏ ၈၅ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်သည့် CAICT က ပြောကြားခဲ့သည်။

ယခုနှစ် ပထမငါးလတာအတွင်း တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းတင်ပို့မှုများသည် အလုံးရေ ၁၀၈ သန်းအထိရှိပြီး နှစ်အလိုက် ၂၇ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၊ အလုံးရေ ၁၀၈ သန်းအနက် ၇၉ ဒသမ ၇ ရာခိုင်နှုန်းမှာ 5G ဖုန်းများ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအထိကာလအတွင်း စမတ်ဖုန်း ၁၀၆ သန်း တင်ပို့ခဲ့ပြီး ပထမငါးလတာအတွင်း စုစုပေါင်းမိုဘိုင်းလ်ဖုန်းတင်ပို့မှုများ၏ ၉၈ ဒသမ ၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ယင်းငါးလတာအတွင်း ပြည်တွင်းအမှတ်တံဆိပ်များသည် တရုတ်မိုဘိုင်းလ်ဖုန်းဈေးကွက်၏ အကြီးဆုံးအစိတ်အပိုင်းကို ရယူခဲ့ပြီး ပြည်တွင်းအမှတ်တံဆိပ်များသည် စုစုပေါင်း ပြည်တွင်းမိုဘိုင်းလ်ဖုန်းတင်ပို့မှုများ၏ ၈၃ ဒသမ ၈ ရာခိုင်နှုန်းအား ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)

China ships 17.74 mln 5G phones in May
Source: Xinhua Editor: huaxia 2022-06-27 09:40:17
BEIJING, June 27 (Xinhua) — Shipments of 5G phones in China rose 6 percent year on year to about 17.74 million units in May this year, data from the China Academy of Information and Communications Technology (CAICT) showed.
The volume accounted for 85.3 percent of the country’s total mobile phone shipments during the period, said the CAICT, a research institute under the Ministry of Industry and Information Technology.
In the first five months of the year, China’s mobile phone shipments dropped 27.1 percent year on year to 108 million units, of which 79.7 percent were 5G phones.
China shipped 106 million smartphones in the January-May period, accounting for 98.2 percent of its total mobile phone shipments in the first five months.
During the same period, domestic brands also took the lion’s share of the Chinese mobile phone market, which contributed to 83.8 percent of the total domestic mobile phone shipments. ■
Photo – A parent records the long jump result of a boy for AI analysis on a smartphone at a sports park in Shanghai, east China, May 30, 2021. (Xinhua/Wang Xiang)