Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး၊ အမြောက်အမြား ဒဏ်ရာရရှိ

ဖိလစ်ပိုင်နိုင်ငံ Abra ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် တိမ်းစောင်းသွားသောနေအိမ်တစ်လုံးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Abra local government unit/Handout via Xinhua)

မနီလာ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အဓိက လူဇုံကျွန်းတွင် ယနေ့ (ဇူလိုင် ၂၇ ရက်) မဂ္ဂနီကျု ၇.၀ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားလူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ Benguet ပြည်နယ်တွင် လူတစ်ဦးသေဆုံးကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီ (NDRRMC) က အတည်ပြုခဲ့သည်။ ဒေသခံအာဏာပိုင်များကလည်း Benguet ပြည်နယ်တွင် လူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Abra ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် တိမ်းစောင်းသွားသောနေအိမ်တစ်လုံးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Abra local government unit/Handout via Xinhua)

ဖိလစ်ပိုင်နိုင်ငံ Abra ပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် တိမ်းစောင်းသွားသောနေအိမ်တစ်လုံးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Abra local government unit/Handout via Xinhua)

Bangued မြို့တွင် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကွန်ကရစ်အခင်းပြားနှင့် ညပ်မိပြီးနောက် သေဆုံးသွားခဲ့ကြောင်း Abra ပြည်နယ်အုပ်ချုပ်ရေးမှူး Jocelyn Bernos က ပြောခဲ့သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် လူ ၂၅ ဦးထက်မနည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ၎င်းက ဒေသတွင်းရေဒီယိုနှင့် တွေ့ဆုံမေးမြန်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/xVC

………………………………………………
2 killed, dozens injured in strong earthquake rattling northern Philippines

MANILA, July 27 (Xinhua) — A 7.0-magnitude earthquake that rattled the main Luzon island in the Philippines on Wednesday killed at least two and injured some 30 others, government officials said.

The National Disaster Risk Reduction and Management Council (NDRRMC) confirmed the death of one person in Benguet province in the northern Philippines. Local authorities also reported that at least five people were injured in Benguet province.

Governor of Abra province Jocelyn Bernos said a 25-year-old male was also killed after he was pinned by a concrete slab in Bangued town. She told a local radio interview that at least 25 were slightly injured from the earthquake. xhtxs.cn/xVC
Photo 1 : A house is seen tilting on its side after an earthquake in Abra Province, the Philippines, July 27, 2022. (Abra local government unit/Handout via Xinhua)