Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ တံတားပြိုကျခြင်းကြောင့် လူ ၄ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ Albay ပြည်နယ်တွင် ဂိုနီ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် တံတားတစ်စင်း ပျက်စီးသွားသည်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Bohol ပြည်နယ်တွင် ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းက ဆယ်စုနှစ်များစွာ သက်တမ်းရှိသော တံတားတစ်စင်း ပြိုကျပြီးနောက် ဩစတြေးလျနိုင်ငံသား ခရီးသွားသည်တစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်က အဆိုပါ တံတားမှာ မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့သော လူ ၁၂ ယောက်စီး မော်တော်ယာဉ်ပေါ်ရှိ ခရီးသည်များတွင် အသက် ၃၀ နှစ်အရွယ် ဩစတြေးလျနိုင်ငံသား အမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

မတော်တဆမှုဖြစ်ရပ်တွင် ဩစတြေးလျနိုင်ငံသား အမျိုးသား၏ ဇနီးဖြစ်သူ ဖိလစ်ပိုင်နိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အခြားလူ ၂၀ ကျော် အသက်ရှင်ခဲ့ကြောင်း၊ ၎င်းတို့ ဇနီးမောင်နှံမှာ ပျားရည်ဆမ်းခရီးစဉ်အတွင်း ယင်းမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

Loay မြို့တွင် တည်ရှိပြီး ၁၉၇၀ ပြည့်လွန်နှစ်များက တည်ဆောက်ခဲ့သော အဆိုပါ တံတားသည် ၂၀၁၃ ခုနှစ်က အင်အား ၇.၂ ပမာဏရှိသော ငလျင်လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတာဝန်ရှိသူက ပြောခဲ့သည်။ ထို့နောက် ယင်းတံတားအား ပြန်လည်ပြင်ဆင်ခဲ့ကာ ဖြတ်သန်းသွားလာရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Bohol ပြည်နယ်အုပ်ချုပ်ရေးမှူး Arthur Yap က တံတားကြီးမှာ ဝန်အားအလွန်အကျွံဖြစ်ခြင်းကြောင့် ပြိုကျရခြင်းဖြစ်ကြောင်း လူမှုမီဒီယာပေါ်၌ ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)

4 killed in bridge collapse in central Philippines

Source: Xinhua

Editor: huaxia

2022-04-28 15:20:01

MANILA, April 28 (Xinhua) — An Austrian tourist and three Filipinos died after a decades-old bridge collapsed in the central Philippine Bohol province on Wednesday afternoon, local police confirmed on Thursday.

Police said the 30-year-old Austrian man was among the passengers of one of the 12 vehicles that plunged into the river when the bridge fell around 4 p.m. local time (0800 GMT) on Wednesday.

More than 20 others survived the accident, including the pregnant Filipino wife of the Austrian tourist. The couple was in town for their honeymoon.

The bridge, built in the 1970s and located in Loay town, was damaged partially by a 7.2 magnitude quake in 2013, local officials said. It was then repaired, allowing traffic to flow.

Bohol Governor Arthur Yap said in a social media post that the bridge collapsed due to overloading. ■
Photo : A bridge is damaged by the flood brought by the heavy rains from typhoon Goni in Albay Province, the Philippines on Nov. 1, 2020. (Xinhua/Stringer)