Connect with us

Europe

ယူရေးရှား စီးပွားရေးသမဂ္ဂက နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ချဲ့ထွင်ရန် ရှာဖွေလျက်ရှိ

ထိပ်သီးယူရေးရှားစီးပွားရေးကောင်စီ အွန်လိုင်းအစည်းအဝေး၌ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် အစည်းအဝေးတက်ရောက်နေသော ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်အား မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၂၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် ယူရေးရှား စီးပွားရေးသမဂ္ဂ (EAEU) နှင့် အီရန်နိုင်ငံကြား သဘောတူညီချက်အသစ် မရရှိသေးမီတိုင်အောင် ကြားဖြတ်လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် သက်တမ်းတိုးရန် အဆိုပြုချက်ကို ထောက်ခံကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှုများသည် EAEU နှင့် အီရန်နိုင်ငံကြား ၂၀၁၈ ခုနှစ် လက်ရှိယာယီသဘောတူစာချုပ်နေရာတွင် အစားထိုးရန် ပြီးပြည့်စုံသည့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်မှာ တက်ကြွစွာ ဆောင်ရွက်နေဆဲဖြစ်ကြောင်း စီးပွားရေးအစုအဖွဲ့၏ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ထိပ်သီးယူရေးရှားစီးပွားရေးကောင်စီ အွန်လိုင်းအစည်းအဝေး၌ ပူတင်က ပြောခဲ့သည်။

လက်ရှိသဘောတူညီချက်ကြောင့် EAEU-အီရန် ကုန်သွယ်ရေးဝင်ငွေသည် ၂၀၂၁ ခုနှစ်တွင် ၇၃.၅ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“အနောက်နိုင်ငံစုပေါင်းအင်အား အမည်ခံထားတဲ့ ထိပ်တိုက်တွေ့ဆုံမှုရှိသော်ငြားလည်း ပြည်ပမိတ်ဖက်များစွာက EAEU ရဲ့လှုပ်ရှားမှုတွေမှာ စိတ်ဝင်စားမှုများလာနေတယ်ဆိုတာ ကျွန်တော်တို့အားလုံး တော်တော်လေးထင်ရှားမြင်နေရပါတယ်” ဟု ပူတင်က ဆိုသည်။

ရုရှားနိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ သင့်တင့်လျောက်ပတ်စွာ ကြီးထွားလာစေရန် ထည့်သွင်းစဉ်းစားလျက်ရှိသလို အလားတူဆွေးနွေးမှုများကို အင်ဒိုနီးရှားနိုင်ငံနှင့်လည်း စတင်နေပြီဖြစ်ကြောင်း၊ ထို့အတူ ယူအေအီးနိုင်ငံနှင့် ဦးစားပေးကုန်သွယ်မှု သဘောတူညီချက်ဖြစ်နိုင်ခြေကိုလည်း လေ့လာလျက်ရှိကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် ထူထောင်ထားသော EAEU သည် ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ဘီလာရုစ်နှင့် အာမေးနီးယား စသည့် ဒေသတွင်းနိုင်ငံများပါဝင်သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည် စီးဆင်းမှုနှင့် ဝန်ဆောင်မှုများ သင့်မြတ်အောင်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။

မေ ၂၇ ရက်တွင် ပြုလုပ်သော အစည်းအဝေးသို့ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan ၊ ဘီလာရုစ်နိုင်ငံ သမ္မတ Alexander Lukashenko ၊ ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev ၊ ကာဂျစ်စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev တို့က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။ (Xinhua)

………………………………………………
(English Version)
Eurasian Economic Union seeks to expand int’l cooperation

Source: Xinhua

Editor: huaxia

2022-05-28 01:36:15

MOSCOW, May 27 (Xinhua) — Russian President Vladimir Putin said Friday that Russia supports the initiative to extend an interim free trade agreement between the Eurasian Economic Union (EAEU) and Iran until a new deal is reached.

Negotiations are actively underway on a full-fledged free trade agreement between the EAEU and Iran to replace the current temporary pact of 2018, Putin said during an online meeting of the Supreme Eurasian Economic Council, the economic block’s highest governing body.

Thanks to the current agreement, the EAEU-Iran trade turnover increased by 73.5 percent to 5 billion U.S. dollars in 2021, he noted.

“Despite the confrontation unleashed by the so-called collective West … it is quite obvious to all of us that many foreign partners have shown growing interest in the activities of the EAEU,” Putin said.

He said that Russia considers it appropriate to intensify the negotiations on a free trade agreement with Egypt, start similar talks with Indonesia, and study the possibility of a preferential trade agreement with the United Arab Emirates.

Established in 2015, the EAEU is a regional bloc consisting of Russia, Kazakhstan, Kyrgyzstan, Belarus and Armenia, which seeks to optimize the flow of goods and services among its members.

Friday’s meeting was also attended by Armenian Prime Minister Nikol Pashinyan, Belarusian President Alexander Lukashenko, Kazakh President Kassym-Jomart Tokayev, Kyrgyz President Sadyr Japarov, and Uzbek President Shavkat Mirziyoyev via video link. ■
Photo : Russian President Vladimir Putin attends a meeting of the Supreme Eurasian Economic Council via videoconference on May 27, 2022. (Kremlin)