Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Gaofen-12 03 အား Long March-4C သယ်ဆောင်ရေးဒုံးပျံဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန် ၂၇ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ် ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုအသစ်တစ်စင်းကို ဇွန် ၂၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Gofen-12 03 ဂြိုဟ်တုအား Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ည ၁၁:၄၆ နာရီတွင် လွှတ်တင်ခဲ့ပြီး စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

၎င်းဂြိုဟ်တုအား မြေယာစစ်တမ်းကောက်ယူမှုများ၊ မြို့ပြစီမံကိန်း၊ လမ်းကွန်ရက်ဒီဇိုင်းရေးဆွဲခြင်း၊ သီးနှံအထွက်နှုန်း ခန့်မှန်းတွက်ချက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး အပါအဝင် နယ်ပယ်အမျိုးမျိုးတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်ဂြိုဟ်တုလွှတ်တင်ခြင်းသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၄၂၅ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China launches new satellite for Earth observation
JIUQUAN, June 28 (Xinhua) — China sent a new Earth observation satellite into space from the Jiuquan Satellite Launch Center in northwest China on Monday.
The satellite, Gaofen-12 03, was launched by a Long March-4C carrier rocket at 11:46 p.m. (Beijing Time) and has entered the planned orbit successfully.
It will be used in a variety of fields including land surveys, urban planning, road network design, crop yield estimation and disaster relief.
The launch marked the 425th flight mission of the Long March series carrier rockets. ■

Photo-A Long March-4C carrier rocket carrying the Gaofen-12 03 satellite blasts off from the Jiuquan Satellite Launch Center in northwest China, June 27, 2022. (Photo by Wang Jiangbo/Xinhua)