Connect with us

China

ရှီက တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်၏အောင်ပွဲသစ်ဆီသို့ ရှေ့ဆက်တက်လှမ်းရန် အလေးပေးပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြား တရုတ်ကွန်မြူနစ်ပါတီ နှင့် နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည့် လီခဲ့ချန် ၊ လိကျန့်ဆူး ၊ ဝမ်းယန် ၊ ဝမ်ဟုနင် ၊ ကျောက်လဲ့ကျိ နှင့် ဟန်ကျိန့်တို့သည် စက်တင်ဘာ ၂၇ ရက်တွင် ပေကျင်းမြို့ရှိ ပေကျင်းပြပွဲခန်းမ၌ ကျင်းပပြုလုပ်သည့် "Forging Ahead in the New Era" ပြပွဲသို့ သွားရောက်ခဲ့စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်သွင်ပြင်လက္ခဏာ ဆိုရှယ်လစ်စနစ် အောင်ပွဲသစ်ဆီသို့ တက်ညီလက်ညီ သန္နိဌာန်ချခိုင်မာစွာ ကြိုးပမ်းအားထုတ်ကြရန် အလေးအနက်ထား ပြောကြားခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ပါတီ နှင့် နိုင်ငံ၏ ကြီးမားသောအောင်မြင်မှုများဆိုင်ရာ ပြပွဲတစ်ခုသို့ သွားရောက်စဉ် သမ္မတရှီကထိုသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်၊ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC)အမျိုးသား ကွန်ဂရက်မှစ၍ CPCဗဟိုကော်မတီသည် စည်းလုံးညီညွတ်စွာဖြင့် ပါတီ၊ နိုင်ငံ နှင့်ပြည်သူတစ်ရပ်လုံးကို ဦးဆောင်၍ ကာလကြာရှည် မဖြေရှင်းနိုင်ခဲ့သည့် စိန်ခေါ်မှုပြဿနာများစွာကို ဖြေရှင်းခဲ့ရာ နိုင်ငံအနာဂတ်နှင့်ပတ်သက်၍ အောင်မြင်မှုများကို ရရှိခဲ့သလို နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအမြင်သဘောထားနှင့် သဘာဝဘေးအန္တရာယ် စိန်ခေါ်စမ်းသပ်မှုများစွာကို ကျော်လွှားနိုင်ခဲ့ကြောင်း သမ္မတရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)
Chinese President Xi Jinping on Tuesday stressed concerted efforts to forge ahead determinedly toward a new victory of socialism with Chinese characteristics.
Xi made the remarks when visiting an exhibition on the great achievements of the Party and the country over the past decade.
Xi stressed that since the 18th CPC National Congress in 2012, the CPC Central Committee has united and led the whole Party, the country, and the people in solving many challenging problems that were long on the agenda but never resolved, making many achievements that concerned the nation’s future, and overcoming many political, economic, ideological, and natural risks, challenges, and trials.
Photo – Xi Jinping and other Communist Party of China and state leaders Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji and Han Zheng visit the exhibition — “Forging Ahead in the New Era” at the Beijing Exhibition Hall in Beijing, capital of China, Sept. 27, 2022. (Xinhua/Ju Peng)