Connect with us

Europe

ရုရှားက အသံထက် ကိုးဆမြန်သော ဇာခွန်ဟိုက်ပါဆွန်းနစ် ဒုံးကျည် နောက်ထပ်စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်

၂၀၂၂ ခုနှစ် မေ ၂၈ ရက်တွင် Admiral Gorshkov ဖရီးဂိတ်စစ်သင်္ဘောမှနေ၍ ဇာခွန်ဟိုက်ပါဆွန်းနစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေသည့်ပုံရိပ်တစ်ခုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော ဓာတ်ပုံတစ်ပုံအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ရုရှားဖရီးဂိတ်စစ်သင်္ဘော Gorshkov သည် ဘာရန်းစ်ပင်လယ်ပြင်(Barents) မှနေ၍ မေ ၂၈ ရက်တွင် အသံထက်မြန်သော (Tsirkon) ဇာခွန်ဟိုက်ပါဆွန်းနစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာက ပြောကြားခဲ့သည်။ယင်း ဟိုက်ပါဆွန်းနစ်ဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ ကျော်ခန့်ရှိသော ပင်လယ်ဖြူ (White Sea) အတွင်းက ရေတပ် ပစ်မှတ်တစ်ခုကို တည့်မတ်စွာ ထိမှန်ခဲ့ကြောင်း နှင့် ဒုံးကျည်ပျံသန်းမှုသည် ဒီဇိုင်းပုံစံထုတ်ထားသည့်အတိုင်း ကိုက်ညီမှုရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဇာခွန်ဒုံးကျည်ကို Admiral Gorshkov ဖရီးဂိတ်စစ်သင်္ဘော နှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းပေါ်မှနေ၍ အကြိမ်ပေါင်းများစွာ စမ်းသပ်ပစ်လွှတ်ခဲ့ဖူးကြောင်း သိရသည်။

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဇာခွန်ဟိုက်ပါဆွန်းနစ်ဒုံးကျည်၏ မြန်နှုန်းစွမ်းဆောင်ရည်သည် အသံထက် ၉ ဆ အထိရှိခဲ့ပြီး ကီလိုမီတာ ၁,၀၀၀ ကျော် အကွာအဝေးရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။(Xinhua)

—————————–
(English Version)
Russia conducts another test-launch of Tsirkon hypersonic missile
MOSCOW, May 28 (Xinhua) — Russian frigate Admiral Gorshkov successfully test-fired a Tsirkon hypersonic cruise missile from the Barents Sea on Saturday, Russia’s Defense Ministry said.
The missile hit a naval target about 1,000 km away in the White Sea and the flight of the projectile corresponded to the designed parameters, it added.
The Tsirkon missile has been test-fired several times from the Admiral Gorshkov frigate and a nuclear-powered submarine.

Russian President Vladimir Putin said the Tsirkon missile is capable of flying at Mach 9 or nine times the speed of sound and striking a target over 1,000 km away.

Photo – This screengrab of footage released by the Russian Defense Ministry shows that frigate Admiral Gorshkov test-fires a Tsirkon hypersonic cruise missile from the Barents Sea on May 28, 2022.