Connect with us

Science & Technology

ဇန်နဝါရီ မှ ဧပြီအတွင်း တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ တရုတ် 5G + စက်မှုလုပ်ငန်းအင်တာနက်ညီလာခံ အခမ်းအနားမြင်ကွင်းတစ်ခုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍသည် cloud computing နည်းပညာကဲ့သို့သော ထွန်းသစ်စ စီးပွားရေးအခွင့်အလမ်းပွင့်လင်းလာခြင်းနှင့်အတူ ယခုနှစ် ပထမ လေးလတွင် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ယင်း လေးလတာကာလအတွင်း ဆက်သွယ်ရေးကဏ္ဍအနေဖြင့် စုစုပေါင်းဝင်ငွေ တရုတ်ယွမ် ၅၂၉ ဒသမ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၅ ဘီလီယံ) အထိ ရရှိခဲ့ပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ၈ ဒသမ ၈ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှု နှင့် သတင်းဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။

တရုတ်နိုင်ငံရှိ 5G အင်တာနက်ကွန်ရက်ထိန်းချုပ်ခန်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

(big data) အချက်အလက်သိုလှောင်သိမ်းဆည်းခြင်း ၊ cloud computing နည်းပညာ နှင့် အင်တာနက်အချက်အလက်စင်တာများအပါအဝင် ထွန်းသစ်စ စီးပွားရေးလုပ်ငန်းများသည် ယင်းကာလအပိုင်းအခြားအတွင်း သိသာထင်ရှားစွာ တိုးချဲ့လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းစုကြီးသုံးခုဖြစ်သည့် (China Telecom) တရုတ်တယ်လီကွန်း ၊ (China Mobile) တရုတ်မိုဘိုင်း နှင့် (China Unicom) တရုတ်ယူနီကွန်း လုပ်ငန်းများ၏ ထွန်းသစ်စ စီးပွားရေးဝင်ငွေသည် နှစ်အလိုက် ၃၅ ရာခိုင်နှုန်းအထိရှိခဲ့ပြီး တရုတ်ယွမ် ၁၀၃ ဒသမ ၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

cloud computing နည်းပညာ နှင့် big data နည်းပညာ အတွက် ဝင်ငွေသည် နှစ်အလိုက်တိုးတက်မှု ၁၃၂ ဒသမ ၆ ရာခိုင်နှုန်း နှင့် ၅၇ ဒသမ ၃ ရာခိုင်နှုန်းအထိ အသီးသီးရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ 5G ကွန်ရက်အခြေစိုက်စခန်းတည်ဆောက်မှုသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက် တိုးတက်လျက်ရှိကြောင်းကိုလည်း ဝန်ကြီးဌာန၏ အချက်အလက်တွင်ဖော်ပြထားသည်။ ဧပြီလကုန်ပိုင်းအထိ တရုတ်နိုင်ငံတွင် 5G ကွန်ရက်အခြေစိုက်စခန်းပေါင်း ၁ ဒသမ ၆၁၅ သန်းအထိ တည်ဆောက်ထားပြီးဖြစ်ရာ ယင်းတို့အနက် ယခုနှစ် ပထမလေးလအတွင်း တည်ဆောက်ခဲ့သည့် စခန်းပေါင်း ၁၉၀,၀၀၀ ပါဝင်ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)

China’s telecom sector posts steady growth in January-April
BEIJING, May 28 (Xinhua) — China’s telecommunications sector posted steady expansion in the first four months of the year, with emerging businesses such as cloud computing growing rapidly, official data showed.
The sector posted 529.2 billion yuan (about 78.5 billion U.S. dollars) in aggregate revenue during the period, up 8.8 percent year on year, according to the Ministry of Industry and Information Technology.
Emerging businesses, including big data, cloud computing, and internet data centers, expanded notably during the period. The emerging business revenue of China’s three telecom giants — China Telecom, China Mobile, and China Unicom, surged 35 percent year on year to 103.9 billion yuan.
Revenue for cloud computing services and big data expanded by 132.6 percent and 57.3 percent year on year, respectively.
Data also demonstrated China’s steady progress in 5G base station construction. By the end of April, China had 1.615 million 5G base stations, with 190,000 built during the first four months of the year.

Photo taken on Nov. 20, 2021 shows the venue of China 5G+ Industrial Internet Conference in Wuhan, central China’s Hubei Province. (Photo by Wu Zhizun/Xinhua)