Connect with us

Economy

တရုတ်-ဥရောပကုန်တင်ရထားများက နိုင်ငံတကာကုန်သွယ်ရေးကို အဆင်ပြေချော့မွေ့စေ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် Suifenhe မြို့တွင် တရုတ်-ဥရောပ ကုန်တင်ရထားပေါ်၌ ဧရာမကရိန်းတစ်ခု အလုပ်လုပ်နေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာပင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြောက်ဘက်စွန်း ဟေးလုံကျန်းပြည်နယ်ရှိ Suifenhe ဘူတာရုံတွင် ကုန်တင်ရထားများသည် ဥရောပသို့ ဦးတည်ထွက်ခွာမည့် သံလမ်းများပေါ်ရပ်နားလျက်ရှိပြီး ဧရာမကရိန်းများက ရထားပေါ်သို့ ကုန်တင်၊ ကုန်ချ လုပ်ဆောင်နေကြသည်။ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-ဥရောပ ကုန်တင်ရထား ၃၇၃ စင်းကျော်သည် Suifenhe ဆိပ်ကမ်းမှ ဥရောပသို့ ဖြတ်သန်းလျက်ရှိပြီး ကုန်စည်ပမာဏ ၃၄,၉၄၂ TEUs သယ်ဆောင်ပေးလျက်ရှိရာ ယမန်နှစ်ကထက် ၇၄ ရာခိုင်နှုန်း၊ ၈၂.၉ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ကြောင်း China Railway Harbin Bureau Group ကုမ္ပဏီလီမိတက်အရ သိရသည်။တရုတ်-ဥရောပ ကုန်တင်ရထားဝန်ဆောင်မှုတွင် အနောက်စင်္ကြံ၊ အရှေ့စင်္ကြံနှင့် အလယ်စင်္ကြံ စသည့် အဓိကစင်္ကြံ သုံးခုရှိပြီး Suifenhe နှင့် Manzhouli ဆိပ်ကမ်းတို့သည် အရှေ့စင်္ကြံပေါ်၌ တည်ရှိသည်။ (Xinhua) xhtxs.cn/y7H

………………………………………………..

Soaring China-Europe freight trains facilitate international trade
HARBIN, Aug. 28 (Xinhua) — At the Suifenhe Railway Station, in China’s northernmost province of Heilongjiang, freight trains are resting on tracks leading to Europe, with gigantic gantry cranes busily loading and unloading cargo above them.
In the first half of this year, over 373 China-Europe freight trains passed through the Suifenhe port to Europe and carried 34,942 20-foot equivalent units (TEUs) of goods, with an increase of 74.3 percent and 82.9 percent year-on-year, respectively, according to China Railway Harbin Bureau Group Co., Ltd.
The China-Europe freight train service has three main corridors — western corridor, eastern corridor and middle corridor — with the Suifenhe and Manzhouli ports on the eastern corridor. xhtxs.cn/y7H
Photo : A gantry crane works on a China-Europe freight train at Suifenhe Railway Port in Suifenhe, northeast China’s Heilongjiang Province, April 1, 2021.(Xinhua/Wang Jianwei)