Connect with us

Asia

နီပေါနိုင်ငံက လူ ၂၂ ဦးလိုက်ပါသွားသော လေယာဉ်ငယ်တစ်စင်း ပျောက်ဆုံးနေခြင်းအတွက် ရှာဖွေမှုဆက်လက် လုပ်ဆောင်နေ

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ လေဆိပ်၌ ရပ်ထားသော Twin Otter လေယာဉ်တစ်စင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ မေ ၃၀ ရက်(ဆင်ဟွာ)

“နေ့အလင်းရောင်မရရှိခြင်း နှင့် ဆိုးရွားသောရာသီဥတုအခြေအနေများကြောင့်” လူပေါင်း ၂၂ ဦးလိုက်ပါသွားသော ပျောက်ဆုံးနေသည့် လေယာဉ်ငယ်တစ်စင်းရှာဖွေမှု လုပ်ငန်းအားလုံးကို နီပေါစစ်တပ်က ရပ်ဆိုင်းထားရကြောင်း စစ်တပ်က မေ ၂၉ ရက် ညပိုင်းတွင်ပြောကြားခဲ့သည်။

“ မနက်ဖြန် နံနက်အစောပိုင်းကြရင်တော့ ရှာဖွေမှုတွေကို ဝေဟင်မှာရော မြေပြင်မှာပါ ပြန်လည်လုပ်ဆောင်သွားမှာပါ ” ဟု နီပေါစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Narayan Silwal က တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

နီပေါနိုင်ငံ Tara လေကြောင်းကုမ္ပဏီပိုင် Twin Otter လေယာဉ်ငယ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Pokhara မြို့မှ Mustang ခရိုင်အတွင်းရှိ နီပေါနိုင်ငံ၏ တောတောင်ထူထပ်သော မြို့တစ်မြို့ဖြစ်သည့် Jomsom မြို့သို့ ဦးတည်ပျံသန်းနေစဉ် မေ ၂၉ ရက် နံနက်ပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

“ ဒေသခံတွေက မီးလောင်ပျက်စီးမှုအချို့ကို တွေ့ရှိခဲ့တယ်လို့ဆိုတဲ့ နေရာကို ကျွန်တော်တို့ သွားရောက်ရှာဖွေမှုလုပ်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Silwal က လွန်ခဲ့သောနာရီအနည်းငယ်တွင် တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။

ယင်းလေယာဉ်ပေါ်လိုက်ပါသွားသော ခရီးသည် ၁၉ ဦးအနက် အိန္ဒိယနိုင်ငံသား ၄ ဦး နှင့် ဂျာမနီနိုင်ငံသား ၂ ဦးအပါအဝင် နိုင်ငံခြားသား ၆ ဦး ပါဝင်ကြောင်း သိရသည်။(Xinhua)

————————-
(English Version)
Nepal to continue search for missing small plane
KATHMANDU, May 30 (Xinhua) — The Nepal Army has halted all efforts to search a missing small plane with 22 people on board due to “loss of daylight and adverse weather conditions,” the army said Sunday night.
“The search will be resumed early in the morning tomorrow both from air and ground,” Narayan Silwal, the army’s spokesman, tweeted.
The Twin Otter plane with Nepal’s Tara Air went missing in the morning when the aircraft was flying from Nepal’s Pokhara to the mountain town of Jomsom in Mustang district.
“We are trying to reach the place where locals have allegedly seen something burning,” Silwal tweeted hours ago.
Six foreigners, including four Indians and two Germans, were among the 19 passengers on the plane.
Photo- Undated file photo shows a Twin Otter plane landing at an airport in Kathmandu, capital of Nepal. (Xinhua/Sunil Sharma)