Connect with us

Politics, Law & Military

ကျွန်ုပ်၏ နှလုံးသားက ဟောင်ကောင်တစ်နယ်တည်းသားချင်းများနှင့် အစဉ်အမြဲရှိကြောင်း ရှီ ပြော

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ရှိ လူသွားလမ်းစင်္ကြံတစ်ခုတွင် အလှဆင်မီးပုံးများချိတ်ဆွဲထားသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟောင်ကောင်နှင့်ပတ်သက်၍ အချိန်ကာလတစ်လျှောက်လုံး စိုးရိမ်ပူပန်လျက်ရှိကြောင်းနှင့် ၎င်း၏ စိတ်နှလုံးသားမှာ ဟောင်ကောင်တစ်နယ်တည်းသားချင်းများနှင့် အစဉ်အမြဲအတူရှိကြောင်း ဇွန် ၃၀ ရက်က ပြောကြားခဲ့သည်။“ကျွန်တော် ဟောင်ကောင်ကို နောက်ဆုံးလာရောက်ခဲ့တာ ၅ နှစ်တောင်ရှိခဲ့ပြီ” ဟု တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အနောက်ကျိုလုံ မြန်နှုန်းမြင့်ရထားဘူတာသို့ ရောက်ရှိစဉ် ပြောခဲ့သည်။

လွန်ခဲ့သောငါးနှစ်အတွင်း မိမိအနေဖြင့် ဟောင်ကောင်အကြောင်းနဲ့ ဟောင်ကောင်ကို စောင့်ရှောက်ဖို့ အချိန်ကာလတစ်လျှောက်လုံး စိုးရိမ်ပူပန်လျက်ရှိကြောင်းနှင့် မိမိ၏ စိတ်နှလုံးသားမှာ ဟောင်ကောင်တစ်နယ်တည်းသားချင်းများနှင့် အစဉ်အမြဲအတူရှိကြောင်း ရှီက ဆိုသည်။ (Xinhua)

———————–
(English Version)
My heart is always with Hong Kong compatriots: Xi

HONG KONG, June 30 (Xinhua) — Chinese President Xi Jinping on Thursday said he has all along been concerned about Hong Kong and his heart is always with Hong Kong compatriots.

“It has been five years since my last visit to Hong Kong,” said Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, upon arrival at the West Kowloon high-speed rail station.

Over the past five years, I have been all along concerned about and caring for Hong Kong, and my heart is always with Hong Kong compatriots, Xi said.